💎Final💎

5K 349 17
                                    

Unicode

ဒီနေ့ကရိပေါ်ရဲ့ဆိုင်ကယ်ပြိုင်ပွဲနေ့...ဂျပန်မှာပွဲတွေအများကြီးပြိုင်ခဲ့ဖူးပေမယ့်ကိုယ့်ရဲ့နိုင်ငံမှာပြိုင်ရမယ့်ပထမဦးဆုံးပွဲ...ကိုယ်ချစ်ရတဲ့သူရဲ့ရှေ့မှာပြိုင်ရမှာမို့ပိုပြီးစိတ်လှုပ်ရှားနေမိတာတော့အမှန်ပင်...

ကျန့်ကျန့်ကသူ့ရဲ့Motorcycle helmetလေးကိုနမ်းရှိုက်တဲ့အခါ...သူအန္တရာယ်ကင်းကင်းနဲ့အောင်ပွဲဝင်တော့မယ်ဆိုတာကိုရိပေါ်ကသေချာသိလိုက်သည်။

"အိပေါ်...သေချာဂရုစိုက်ပါနော်...ငါပွဲကြည့်စင်ကနေဘဲ မားတို့နဲ့အတူအားပေးနေမယ်နော်"

"အင်းးစိတ်ချငါမင်းအတွက်ပထမဆုရအောင်ယူပေးမယ်...ပြီးတော့ဆုဖလားရလာခဲ့ရင် မင်းကိုအပိုင်ပေးမယ်နော်"

"အင်းးး"

ခေါင်းလေးငြိမ့်ကာပြုံးရယ်ပြလာတဲ့ကျန့်ကျန့်ကိုသူကြည့်နေမိသည်။ငါ့ရဲ့​ကြွက်လေးကဒီနှစ်တွေအတောအတွင်းမှာအရမ်းချစ်ဖို့ကောင်းလာခဲ့တာပဲ...

"ကျန့်ကျန့်...ငါဒီပွဲမှာနိုင်ရင် မင်းက ဆုယူတဲ့စင်ပေါ်မှာ ငါ့ကိုချစ်တယ်လို့ အားလုံးသိအောင် အဖြေပေးရမယ်"

"အင်းးးးဖြစ်စေရမယ် ငါ့ရဲ့အိပေါ်လေး"
___________

ရှောင်းကျန့်တစ်ယောက်ပွဲကြည့်စင်ကိုပြန်လာခဲ့ပြီးမားတို့နဲ့အတူထိုင်နေလိုက်သည်။ဝမ်အိမ်တော်နဲ့ရှောင်းအိမ်တော်ကလူတွေအားလုံးလာအားပေးကြတာကြောင့်သူတို့အဖွဲ့ကအင်းအားကြီးကြသည်။

ပြိုင်ပွဲစတင်လိုက်တာနဲ့ပြေးလမ်းပေါ်မှာအပြိုင်မောင်းနေကြတဲ့ဆိုင်ကယ်တွေရဲ့အသံက ကျယ်လောင်စွာထွက်ပေါ်လာသည်။

ရှောင်းကျန့်မှာသာပွဲကြည့်စင်ကနေရင်တမမ...အကွေ့တွေရောက်သွားတိုင်းအော်လိုက်ရတာ...တစ်ကွင်းလုံးရှောင်းကျန့်အသံတွေပြည့်နေလေသည်။ဝမ်ရိပေါ်ရဲ့fan girlတွေကတောင်သူ့ကိုအံ့သြတကြီးကြည့်နေကြသည်။

နောက်ဆုံးတော့အန္တရာယ်ကင်းကင်းနဲ့ပန်းဝင်သွားတဲ့Tracer 85....ကစားပွဲရဲ့ရလဒ် နေရာမှာလည်းပထမနေရာမှနေရာယူနေခဲ့လေသည်။

ကြောင်နဲ့ကြွက်ရဲ့ချစ်ပုံပြင်[Completed]Where stories live. Discover now