Part 11(Uni+Zawgyi)

3.1K 299 6
                                    

Unicode

"သားရှောင်းရေ...ကျောင်းသွားရတော့မယ်လေ...ထတော့"

"၅မိနစ်ပဲမား"

အိပ်ရာထဲကနေ လက်ငါးချောင်းထောင်ပြလာတဲ့ရှောင်းပေါက်စ...

"အောက်မှာ သားဝမ်တောင် မားတို့နဲ့မနက်စားစားမလို့ဆိုပြီးရောက်နေပြီ...သားကိုအိပ်ပုပ်ကြီးတယ်လို့ထင်သွားတော့မှာပဲ"

ရှောင်းမားစကားကြောင့်အိပ်ရာထဲမှာအပျင်းတစ်နေတဲ့ရှောင်းကျန့်လေးဟာအတင်းကုန်းရုန်းထလာတော့သည်။

"သား မြန်မြန် မျက်နှာသစ် ရေချိုးပြီးကျောင်းဝတ်စုံပါဝတ်လာခဲ့မယ်မား...မားမားအောက်မှာပဲစောင့်နော်"

"ဟုတ်ပါပြီ...ဟုတ်ပါပြီ"

ရှောင်းမားထွက်သွားသည်နှင့် ရေချိုးခန်းထဲကို ပြေးဝင်သွားတဲ့ ကျန့်ကျန့်လေးရယ်ပါ....
_____________

"သားဝမ်လေး...မင်းရဲ့ကျန့်ကျန့်ကတော့ခုမှပြင်ဆင်နေတယ်..."

"ဟုတ်ကဲ့ရှောင်းမား"

ရှောင်းမားတစ်ယောက် ကျန့်ကျန့်ကိုစောင့်နေတဲ့ဝမ်လေးကိုနွားနို့နဲ့မုန့်တွေကျွေးနေလေ၏။

ထိုအချိန်လှေကားပေါ်ကဆင်းလာတဲ့ကျန့်ကျန့်...ထို့နောက်မှာတော့ ရိပေါ်လေးကိုကျွေးထားတဲ့မုန့်တွေကိုဝင်လုစားတော့သည်။

"အယ်...သားကျန့် ကိုယ့်မုန့်ကိုယ်စားလေ...ဝမ်လေးဟာကိုဘာလို့လုစားနေတာတုန်း"

"သားက အိပေါ်မုန့်ပဲစားမှာ...အိပေါ်ပန်းကန်ထဲကမုန့်က ပိုချိုတယ်"

ရိပေါ်လေးကလည်းဘာမှမပြောတာကြောင့် ရှောင်းမားတစ်ယောက်ထပ်မပြောတော့...ဒီကလေးတွေရန်ဖြစ်မှာစိုးရိမ်နေတာ...ခုတော့လည်းတည့်နေကြတာပါလားးး

စားလို့သောက်လို့ အားလုံးပြီးဆုံးသွားတော့ကျောင်းသွားကြသည်။

စာသင်ခန်းထဲဝင်လိုက်သည်နှင့် နှစ်ယောက်လုံးရဲ့ထိုင်ခုံပေါ်မှာ တွေ့လိုက်ရတဲ့မုန့်တွေ....ခုံချင်းကပ်ပြီးထိုင်ကြတယ်ဆိုတာကတော့ပြောစရာတောင်မလိုပေ။

ထို့နောက်မှာတော့လုပ်ရိုးလုပ်စဥ်တစ်ခုလို ဘယ်သူပိုများလဲဆိုတာကို ပြိုင်ကြတော့သည်။

ကြောင်နဲ့ကြွက်ရဲ့ချစ်ပုံပြင်[Completed]Where stories live. Discover now