Part 2(Uni+Zawgyi)

4.2K 350 7
                                    

Unicode

ရိပေါ်လေးရဲ့ငိုသံကြောင့် အိမ်တော်တွေမှဥယျာဥ်ထဲသို့ပြေးထွက်လာကြတဲ့ ဝမ်မားနဲ့ရှောင်းမားးး

"အူးးးဝါးးးမားးးမားးး"

ဝမ်မားတစ်ယောက် မြေပြင်ပေါ်မှာပုံ့ပုံလေးထိုင်ကာငိုနေသည့်ရိပေါ်လေးကိုတွေ့လိုက်ရသည်။

"သားးး ရိပေါ်လေး ဘယ်လိုဖြစ်ရတာတုန်းကွယ်..."

"အင့်...မားးးမားးး"

ဘေးနားမှာလည်းမျက်နှာငယ်လေးနဲ့ရပ်နေတဲ့ ရှောင်းပေါက်စ အားတွေ့ရသည်။ဒီကလေးတွေရန်ဖြစ်ကြပြန်ပြီထင်တယ်။

ရှောင်းမားတစ်ယောက် ရိပေါ်လေးရဲ့ နီရဲနေတဲ့ ဒူးခေါင်းလေးကိုတွေ့လိုက်ရသည်။

"သားရိပေါ်လေး...သားးရဲ့ဒူးခေါင်းကနီရဲနေပါလားး"

ရိပေါ်လေးရဲ့အသားအရေက ဖြူဖွေးလွန်းတာမို့ ဒူးခေါင်းက ပွန်းပဲ့ရာလေးဟာ ပို၍ပင်နီရဲစွာ...

ရှောင်းမားတစ်ယောက် ရှောင်းပေါက်စဘက်ကိုကြည့်လိုက်တော့ အသံတိတ်ကာငြိမ်နေလေသည်။

"သားးရိပေါ်လေး ရှောင်းမားကို မှန်မှန်ပြောစမ်းးး အဲ့တာ ကျန့်ကျန့်လုပ်တာမို့လား"

ရှောင်းပေါက်စကတော့ သူ့မားမားရဲ့စကားကိုကြားပြီးဒူးတုန်နေပြီ...ရိပေါ်လေးကိုလည်း တစ်ချက်တစ်ချက်ခိုးခိုးကြည့်နေသေးသည်။ရိပေါ်တိုင်ပြောရင်တော့ သူ့မားမားရဲ့တုတ်စာမိတော့မှာကို....

ရိပေါ်လေးကလည်း ဘာမှပြန်မပြောပဲတိတ်ဆိတ်နေပြန်သည်...

"ရိပေါ်လေးး ရှောင်းမားမေးနေတယ်လေ...ရဲရဲသာပြော...အဲ့တာကျန့်ကျန့်ကြောင့်ဖြစ်တာမို့လား"

"ဟုတ်...ဟုတ်ပါဝူးးး ချောင်မားရဲ့ တားး ကိုယ့်ဘာတာ ရိပ်ပြာ ရေးတွေရိုက်ဖမ်းရင်း ချော်ရဲတာပါ...​ကျန့်ကျန့်ရုပ်တာဟုတ်ဝူးရယ်"

ကျန့်ကျန့်ကို ရှောင်းမားရိုက်မှာ​ဆိုးတာကြောင့် လိမ်ပြောပေးတဲ့ရိပေါ်လေးရယ်ပါ.....

ထိုအခါမှ ရှောင်းပေါက်စတစ်ယောက် သက်ပြင်းချနိုင်တော့သည်။သို့ပေမယ့် ရှောင်းမားကတော့ ရိပေါ်လေးရဲ့စကားကိုမယုံပေ...ဒီကလေးနှစ်ယောက်က ရန်ဖြစ်ရင်လည်းသူတို့ပဲ ပြီးရင်လည်းတစ်ယောက်နဲ့တစ်ယောက်ကာကွယ်ပေးနေကြတာလဲသူတို့ပဲ။ထိုစဥ်ဝမ်မားရဲ့အသံချိုချိုလေးကထွက်လာတော့သည်။

ကြောင်နဲ့ကြွက်ရဲ့ချစ်ပုံပြင်[Completed]Where stories live. Discover now