Part 15(Uni+Zawgyi)

3.5K 283 12
                                    

Unicode

ဒီနေ့က ကျောင်းကပွဲနေ့...
TUကျောင်းရဲ့နှစ်စဥ်ကျင်းပတဲ့ဖျော်ဖြေရေးပွဲတစ်ခု...ဒီနှစ်ပွဲတော်မှာတော့ရှောင်းကျန့်လေးနဲ့ရိပေါ်လေးတို့လည်းပါဝင်ဖျော်ဖြေကြမှာဖြစ်ပါတယ်....

သူတို့ဖျော်ဖြေကြမယ့်ဟာကတော့ စနိုးဝှိုက်နဲ့မင်းသားလေး အကြောင်းပင်...

သူတို့အုပ်စုထဲမှာ သင့်တော်တဲ့နေရာတွေကိုဆရာမက နေရာချပေးသည်။ကိုယ်ကြိုက်တဲ့ဇာတ်ကောင်ကိုယူခွင့်မရှိ...ဒါကြောင့် ရှောင်းပေါက်စက မင်းသားလေးနေရာမှာနေရပြီးး အတန်းထဲကဖန်ဖန်ဆိုတဲ့ကလေးမက စနိုးဝှိုက်နေရာမှာဖြစ်သည်။

ရိပေါ်လေးလားး ရိပေါ်လေးကတော့ လူပုလေးခုနှစ်ယောက်တဲ့ကအငယ်ဆုံးလေးနေရာမှာပါတဲ့လေ...ယွီပင်းနဲ့ကျိုးချန်တို့ကလည်း လူပုလေးနေရာတွေမှာပင်...

ရိပေါ်တစ်ယောက်ဆရာမကို မကျေနပ်ပါ..ဒီလောက်ခန့်ချောကြီးဖြစ်နေတဲ့သူ့ကိုလူပုလေးနေရာမှာထားသတဲ့...တကယ့်ကိုအမြင်မရှိဘူးပဲ....
_____________

ပြဇာတ်ကမယ့်နေ့.....

ဝမ်မိသားစုနဲ့ရှောင်းမိသားစုကလည်းသူတို့ရဲ့အသည်းအသက်လေးတွေကိုလာအားပေးကြလေသည်။သူတို့တင်မဟုတ်...သူတို့အိမ်ရဲ့ဝန်ထမ်းတွေကိုပါအကုန်ခေါ်လာပြီးအားပေးတာ...ရှောင်းကျန့်လေးရဲ့ကြောင်မလေး ကျင်းကော်နဲ့ရိပေါ်လေးရဲ့ခွေးမလေးHoneyပါအဆစ်ပါလာသေးသည်။

ဝမ်မိသားစုနဲ့ရှောင်းမိသားစုဆိုတာ​ကျောင်းရဲ့shareရှင်တွေလည်းဖြစ်တာကြောင့်ခုံတန်းတွေရဲ့ရှေ့ဆုံးမှာနေရာယူသည်။

"ယခုဖျော်ဖြေမှာကတော့ မူလတန်းပထမနှစ်က ကလေးများရဲ့ စနိုးဝှိုက်နဲ့မင်းသားလေးပြဇာတ်ဖြစ်ပါတယ်ရှင့်"

အစီစဥ် ကြေညာသူရဲ့စကားအဆုံးမှာလက်ခုပ်သံတွေကတဖြောင်းဖြောင်း။ထို့နောက်မှာတော့ ပြဇာတ်ကိုစတင်လိုက်ကြတဲ့ကလေးတွေ...

စုန်းမကြီးက စနိုးဝှိုက်ကလေးကိုပန်းသီးကျွေးတဲ့အခန်းမှာ ပန်းသီးကိုတစ်ကိုက်ပဲမဟုတ်ပဲ တစ်လုံး လုံးမကုန်မချင်းထိုင်စားနေတဲ့စနိုးဝှိုက်လေးကြောင့် အားလုံးရယ်မောကြရသေးသည်။

ကြောင်နဲ့ကြွက်ရဲ့ချစ်ပုံပြင်[Completed]Where stories live. Discover now