Part 19(Uni+Zawgyi)

3.7K 287 2
                                    

Unicode

ရှောင်းမိသားစုနဲ့ဝမ်မိသားစုရဲ့ညစာစားပွဲ...ညစာစားရင်းရိပေါ်ရဲ့ဂျပန်ကအကြောင်းတွေမေးနေကြတာပေါ့...

"သားဝမ်...ဂျပန်ကကောင်မလေးတွေကချောကြရဲ့လားး"

ရှောင်းမားရဲ့စသလိုနောက်သလို ခပ်ပြုံးပြုံးအမေးကိုခေါင်းငြိမ့်ပြလာတဲ့ရိပေါ်....

" ချောတယ်ဆိုတာထက် အရုပ်ကလေးတွေလိုချစ်ဖို့ကောင်းနေကြတာပါ"

ရှောင်းကျန့်တစ်ယောက်ထမင်းစားနေရင်းကနေကိုင်ထားတဲ့ခက်ရင်းနဲ့ရိပေါ်ကိုထထိုးချင်လာသည်။ပြောတော့ဖြင့်ငါ့ကိုချစ်တယ်ဆိုပြီးတော့....ဒီကောင်တော့လား

စူပုတ်ကာခက်ရင်းကိုခပ်တင်းတင်းကိုင်လိုက်တဲ့ရှောင်းကျန့်ကိုမြင်လိုက်တဲ့ရိပေါ်ကသွားတွေပေါ်အောင်ပြုံးနေမိသည်။

"အဟမ်းးးဒါပေမယ့်ဂျပန်မချောချောလေးတွေကို ကျွန်တာ့်မျက်လုံးထဲမှာမရှိပါဘူးးဘာဖြစ်လို့လဲဆိုတော့....."

သူ့ဘက်ကိုလှည့်ကာအသံကိုဆွဲပြောနေတဲ့ရိပေါ်ကြောင့်ရှောင်းကျန့်တစ်ယောက်လန့်နေရသည်။အားလုံးကလည်းရိပေါ်ကိုကြည့်နေကြသည်။

"ကျွန်တော့်မျက်လုံးထဲမှာလူတစ်ယောက်ပဲရှိနေလို့လေ...အရမ်းချစ်ဖို့ကောင်းပြီးအရမ်းစွာတတ်တဲ့ယုန်ကြွက်လေးးတစ်ကောင်ပဲရှိနေတာ"

ရိပေါ်စကားကြောင့်ရှောင်းကျန့်မှာသေချင်စော်နံသွားသည်။ခုမိဘတွေရှေ့ထားပြီးသူ့ကိုကြူနေတာပဲ...

"အိပေါ်...မားတို့ရှေ့မှာဘာတွေပြောနေတာလဲ"

ရိပေါ်ကသူ့စကားကိုဂရုမစိုက်စွာရှောင်းပါးနဲ့ရှောင်းမားတို့ကိုစကားစသည်။

"ကျွန်တော့် ကျန့်ကျန့်ကိုလက်ထပ်ချင်ပါတယ်...ရှောင်းပါးနဲ့ရှောင်းမားကခွင့်ပြုပေးပါဗျ"

ရိပေါ်စကားကြောင့်မိဘတွေကတော့ ခပ်ပြုံးပြုံးသာ..သူတို့နှစ်ယောက်ကိုအားလုံးကသဘောတူထားကြတာပဲလေ...

"သားတို့ကို အစထဲက အားလုံးကသဘောတူထားပြီးသားပါ...တကယ်လို့သားတို့မယူချင်ဘူးငြင်းရင်တောင် အတင်းချုပ်ပြီးပေးစားဖို့စီစဥ်ထားကြတာ"

ကြောင်နဲ့ကြွက်ရဲ့ချစ်ပုံပြင်[Completed]Where stories live. Discover now