Part 7(Uni+Zawgyi)

3.3K 298 12
                                    

Unicode

ယနေ့မှာဆိုရင်တော့ ဝမ်ပေါက်စနဲ့ရှောင်းပေါက်စလေးဟာ မူကြိုစပြီးတက်ကြရတော့မှာဖြစ်ပါတယ်....

မူကြိုသို့သွားရာလမ်းတစ်လျှောက်မှာ အာဖြဲကာအော်နေသည့် ရှောင်းပေါက်စ...

"တက်ချင်ဝူးးးးတက်ချင်ဝူးးးရို့"

"သားရှောင်းးး ဟိုမှာတွေ့လား ရိပေါ်လေးတောင်ဘာမှမပြောဘူး ငြိမ်ငြိမ်လေးနေ နေတာ..."

ရှောင်းပေါက်စရဲ့ ဘေးနားမှာထိုင်နေတဲ့ ဝမ်ပေါက်စလေးကို မေ့ငေါ့ပြလိုက်သည့် ရှောင်းမား

ရှောင်းကျန့် ဘေးကိုလှည့်ကြည့်လိုက်တော့ရိပေါ်က သူ့ကိုတစ်ခြမ်းစောင်းကြီးပြုံးပြလာသည်။တောက်....ဒါငါ့ကိုလှောင်နေတာ။

"တက်မယ်...မူချိုတက်မယ်ရို့..."

"ဒီလိုမှပေါ့ သားရှောင်းရဲ့..."

ဤသို့နှင့်မူကြိုသို့ရောက်လာကြလေသည်။ဆရာမကလည်း သဘောကောင်းလွန်းတာကြောင့် မိဘတွေမှာပြန်ပြီးအားနာနေရသည်။သူတို့ရဲ့ကလေးတွေအကြောင်းသူတို့အသိဆုံးလေ...

"သားရှောင်းနဲ့သားဝမ်...မားတို့ပြန်ပြီနော်ညနေမှ လာကြိုမယ်ဟုတ်ပြီလား...ကောင်းကောင်းနေကြနော်"

ဝမ်မားရဲ့စကားကိုနှစ်ယောက်လုံးခေါင်းငြိမ့်ပြလိုက်ကြသည်။သူတို့ကို မလိမ္မာတဲ့ကလေးတွေများထင်နေတာလားမသိဘူးးးး

မားတွေရဲ့ကားလေးထွက်ခွာသွားသည်နှင့် ဆရာမဘက်ကိုလှည့်လာကြတဲ့ အကောင်ပေါက်နှစ်ကောင်...

"ချာမ...တားတို့က ဒီသိုင်းကြီး မတ်သပ်ရပ်နေရမှာရား...ညောင်းနေပြီရို့"

ရှောင်းပေါက်စရဲ့စကားကြောင့်ဆရာမလည်းနဲ့ ပြန်ပြောဖို့တောင်မနဲ

"အယ်....ဟုတ်ပါပြီ ဟုတ်ပါပြီ...ဆရာမနောက်လိုက်ခဲ့ကြနော်"

အခန်းထဲရောက်တော့ မျောက်တွေမွေးထားတဲ့အတိုင်း ဆော့နေကြတဲ့ ကလေးတွေ...ဆရာမတော့ ရှူဆေးဘူးနဲ့စာသင်ရတော့မယ့်ကိန်းပဲ...

"သားလေးတို့ ကြိုက်တဲ့နေရာလေးမှာသွားထိုင်နော်"

"ဟုတ်"×2

ကြောင်နဲ့ကြွက်ရဲ့ချစ်ပုံပြင်[Completed]Where stories live. Discover now