"Boss !!"
ကျစ် , ဒီကောင်တွေကွာ ဒီလောက်တိတ်တိတ်နေပါလို့ ပြောထားတဲ့ဟာကို...
RENO နှစ်ရက်ရှိပြီ Company မသွားတာ , အိပ်ယာပေါ်က ကောင်လေးကခုထိနိုးမလာသေးသောကြောင့်ဖြစ်သည်။ တစ်ခါတစ်ခါငိုတယ် တစ်ခါခါ ထထယောင်တဲ့အပြင် ကိုယ်အပူချိန်က တက်လိုက် ကျလိုက်မို့ RENO အတော်စိတ်ပူနေရသည်။
ဒယ်ဒီရဲ့ ခုချက်ချင်း အိမ်ပြန်လာခဲ့ဆိုတဲ့ တစ်ချက်လွှတ် အမိန့်ကိုတောင် ဂရုမစိုက်အား။ တစ်ချိန်လုံး ထိုကောင်လေးဘေးနားနေကာ ဆေးတိုက်ချိန် ဆေးကို သောက်ရလွယ်အောင် အမှုန့်ကြိတ် ရေဖျောပေးရတာကတစ်မျိုး , အစားမဝင်တာကြောင့် အားမပျက်သွားအောင် အာဟာရရှိတာလေးတွေ ဖျော်တိုက်နေရတာကတစ်မျိုးနှင့် တစ်ယောက်ထဲအလုပ်ရှုပ်နေသည်။
RENO တစ်ခါတစ်ရံ nurse ဖြစ်ဖြစ် Family doctor ကိုပဲဖြစ်ဖြစ် ထိုကောင်လေးအနားထားကာ စောင့်ရှောက်ခိုင်းထားလဲရပေမယ့် သူကိုယ်တိုင် ဘာတွေလုပ်မိနေတာလဲဆိုတဲ့ အတွေးတွေဝင်လာသည်။
ဒီကောင်လေးကို တစ်ခြားသူတွေနဲ့ စိတ်မချလို့လား , ကိုယ့်ကြောင့်ဖြစ်သွားရတယ်ဆိုတဲ့ အပြစ်မကင်းတဲ့ စိတ်ကြောင့်လား မသဲကွဲ။သေချာတာတော့ ထိုကောင်လေးရှိနေတဲ့ ဤအခန်းထဲကို M ,K ကိုပါ မဝင်စေချင်မိသည့်အထိ။
"မရဘူး , ကိုယ် ဘယ်သူ့ကိုမှ မင်းကိုကြည့်တာ မခံနိုင်ဘူး အထူးသဖြင့် မင်းဒီလို အားနည်းနေတဲ့အချိန်မှာပေါ့"
အိပ်ရာပေါ်ကကောင်လေးကတော့ ဒီနေ့ဘာတွေ ပျော်နေတယ်မသိ အိပ်နေတာတောင် တစ်ချက်တစ်ချက်ပြုံးနေသည်။
RENO ခ ရဲ့ ခါးအောက်ရောက်နေတဲ့စောင် ကို ရင်ဘတ်ထိ ဆွဲတင်ကာ ကုတင်ပေါ်မှ အသာထပြီး တံခါးဆီသို့လာခဲ့သည်။
"ပြော..."
RENO စိတ်တိုနေပေမဲ့ ဒါ RENO ရဲ့ အတိုး တကာ့ အတိုးဆိုး နှင့် စကားပြောတဲ့လေသံဖြစ်သည်။
"အောက်မှာ အကို ဘုန်းမာန်ခရဲ့ သူငယ်ချင်းတွေဗျ အတင်း အိမ်ထဲ ဝင်မယ်လုပ်နေကြလို့"
အဟက် !! ဒိကောင်လေးတွေ ပြသာနာရှင်းရဦးမှာပဲ။ တစ်ခါမှ မေ့မေ့ပျောက်ပျောက် မရှိခဲ့တဲ့ RENO ဒီကောင်လေးနားရှိရင်ကို ဘယ်လိုတွေဖြစ်နေတယ်မသိ။
YOU ARE READING
ʀᴇɴᴏ
RomanceThis is a work of fiction. Any names, characters or events are fictional.