Part 13 ( Unicode )

12.7K 949 17
                                    

"ညီ အဆင်ပြေရဲ့လား"

"ပြေပါတယ်ဗျာ...."

Ram တကယ် RENO ကို ပျော်ရွှင်စေချင်တာ , လူမှန်းသိတတ်စအရွယ်ကနေ ခုချိန်ထိ ဒယ်ဒီ့အလုပ်တွေကို သားအရင်းဖြစ်တဲ့ Ram ထပ် RENO က ပိုလုပ်ပေးခဲ့ရသည်။ဒယ်ဒီထားရာနေ စေရာသွားဘဝနဲ့ ခုမှ RENO ကလွတ်လပ်ခါစရှိသေး။

RENO ကသိပ်ကိုခြေငြိမ်တော့ , သမီးရည်းစား ဘာပြသာနာမှမရှိသလို သူ့ခေါင်းထဲမှာ အလုပ်ပြီးရင် အလုပ်ပဲရှိသည်။တစ်သက်လုံးအိမ်ထောင်မပြုတော့ဘူးထင်ထားတာ ခုမှ ချစ်တတ် ရင်ခုန်တတ်တဲ့ သူကို ဒီလိုဖျက်ဆီးပစ်တာ ဒယ်ဒီပေါ့။

‌ဟိုကောင်လေးကလဲ အစထဲကမှ ညီ့ကို ဘာမကျေနပ်တယ်မသိ စိတ်ထဲကို မရှိတာပါဆို အခုတော့ ဒယ်ဒီ့ လုပ်ရပ်ကြောင့် ညီ့ မုန်းပါမုန်းသွားရတဲ့ အဖြစ်။

ညီရယ် မင်းအဖြစ်ကလဲကွာ.....

"ဒုန်း ဒုန်း ဒုန်း"

"ကျွန်တော့ကို အပြင်ပေးထွက်ဗျာ !!"

ဟူး......

ဘုန်းမာန်ခဆိုတဲ့ကောင်လေးနိုးနေတာ ဒီနေ့နဲ့ဆို သုံးရက်မြောက်။ပထမတစ်ရက်ကတော့ ဘာစကားမှမပြောပေမဲ့ RENO နားအရမ်းကပ်သည်။ညီ့မှာ ဘယ်မှသွားလို့မရအောင်ကို ဘုန်းမာန်ခဆိုတဲ့ကောင်လေးက ညီ့လက်ကို မလွတ်စတမ်းဆွဲထားတာ အဲ့နေ့က ကမှ ငြိမ်နေသေးသည်။

ဒုတိယရက်ကျတော့ RENO ကို ခင်‌ဗျားကြီးကိုမုန်းတယ်ဆိုပြီး ရှိသမျှ ပစ္စည်းတွေနဲ့ကောက်ပေါက်ကာ ရန်တွေ့ ပြသာနာရှာရော။အရမ်းရုန်းတော့ ဒဏ်ရာတွေကို ဆေးသေချာထည့်ပေးလို့တောင် မရတဲ့အထိ။

တတိယရက်ကျတော့ အိမ်ပြန်မယ် ကျွန်တော့ သူငယ်ချင်းတွေခေါ်ပေး ခင်ဗျား အိမ်မှာ မနေဘူးဆိုပြီး သောင်းကျန်းကာ အတင်းပြန်မယ်လုပ်နေတာကြောင့် RENO ကမတတ်နိုင်တဲ့ အဆုံး အခန်းတံခါးကို အပြင်က အပြီးပိတ်ထားလိုက်တော့သည်။

ဘုန်းမာန်ခရဲ့ သူငယ်ချင်းတွေကလဲ ဆေးရုံမှာ တစ်ယောက်တော့ သတိရနေပေမဲ့ တစ်ယောက်ကတော့ မေ့နေတုန်း , M ,K ကိုလဲအမြဲစောင့်ခိုင်းထားရသည်။

RENO ကတော့ သူချစ်တဲ့ ကောင်လေး သူ့ကြောင့် ဒီလိုဖြစ်ရတယ်ဆိုပြီး သွေးပျက်မတတ်။အခန်းထဲ cctv ကိုထောင့်စုံတပ်ကာ အပြင်ကနေ အမြဲစောင့်ကြည့်နေပြီး အခန်းတံခါးရှေ့လဲ ဟိုလျှောက်လိုက်ဒီလျှောက်လိုက်။

ʀᴇɴᴏWhere stories live. Discover now