"ဟျောင့် မင်းအစားစားတာနည်းတယ်နော် ဘာစားချင်လဲ ငါဘာလုပ်ပေးရမလဲ"
တကယ်တော့ ခ အစားနည်းတာ မဟုတ်။ခုရက်ပိုင်း သားသားလေးအကြောင်းပဲတွေးမိနေတော့စားမဝင်အိပ်မပျော်။
အဲ့ဒီနေ့ ကိုကိုနဲ့ ဂေဟာက ပြန်လာတော့ ဘုန်းခန့်ကိုကိုလေးက ငိုရှာသည်။သူ့ကိုထပ်ပြီး ထားခဲ့ကြပြန်ပြီဆိုပြီး။ ကိုကို့ကိုဆိုလဲ ဒယ်ဒီ ဒယ်ဒီဆိုပြီး သူ့လက်လေးတွေနဲ့ဆွဲထားတာ။ ခ ကလဲချီထားတာမို့ အချိန်အတော်တန်ကြာတဲ့ အထိ လူပေါ်ကမဆင်းပဲ ပြန်တော့မယ်မှန်းသိတော့ တအင့်အင့်နိ့ငိုရှာသည်။
ခ မညာပါဘူး။ ခ အဲ့ဒီကလေးအပေါ် တစ်ခဏလေးအတွင်းမှာပဲ သယောဇဉ်ရှိသွားသည်။ချစ်သွားသည်။ ခုဆို ဂေဟာမသွားတာ ဘယ်နှစ်ရက်မှမရှိသေးပေမဲ့လဲ ငိုနေဦးမလား ၊ အဆင်ပြေရဲ့လား ဆိုပြီး စိုးရိမ်ပူပန်နေမိသည်။
ခ သားသားလေးကို တာဝန်ယူချင်သည်။ ဒါပေမဲ့ ကလေးတစ်ယောက်ကို မွေးစားတယ်ဆိုတာ လွယ်တဲ့ အလုပ်တော့မဟုတ်။
ငါတာဝန်ယူနိုင်ပါ့မလားဆိုတဲ့စိတ်ထပ် ကိုကို့ကို စိတ်ပူမိတာ။
ကိုကိုက ခ ဆန္ဒကိုလိုက်လျောပါ့မလား။ ခ ကသားသားလေးကို ချစ်သလို ကိုကိုကရော ချစ်ပေးနိုင်ပါ့မလား။အင်းကိုကိုနဲ့တော့စကားပြောဖို့လိုပြီ။ခုတော့ အစားစားရမည်။
"တကယ်လုပ်ပေးမှာလား"
"ထမင်းကြော်စားချင်တာ ဆိုင်ကကြော်သလိုမျိုး"
"ရစေရမယ် လာ မင်းကဒီမှာထိုင်နေ"
ထိုအချိန် ထမင်းစားခန်းထဲရောက်လာသည်မှာ Ram
"Baby ဘာတွေလုပ်နေလဲ"
"ထမင်းကြော်နေတာ"
ဒီကလေးထူးထူးဆန်းဆန်းပါလား။ ခ ဆိုတဲ့ ကလေးကတော့ထမင်းစားစာပွဲမှာ ဂိမ်းဆော့နေလေရဲ့။
"ကိုယ်ရောစားလို့ရလား"
"မ ရ ဘူး !!"
"ဟောဗျာ"
"မရဘူးဆို မရဘူး ဒါ ခ အတွက်"
"ဟုတ်ပါပြီခင်ဗျာ"
ဟင်း ဒီကောင်လေး Baby ကိုခိုင်းစားနေတာကြည့်စမ်း။
တစ်ခြားသူအတွက်သာဆို Ram စိတ်ဆိုးမိမှာဆိုပေမဲ့ ဒီကောင်လေးနဲ့ဆို နှစ်ယောက်သား ဘယ်လိုပဲပေါင်းမွှေမွှေ RENO ရော Ram ရောက အပြစ်မမြင်။
YOU ARE READING
ʀᴇɴᴏ
RomanceThis is a work of fiction. Any names, characters or events are fictional.