Part 15 ( Unicode )

12.7K 954 23
                                    

"ခ........."

"အီးဟီး ငါတောင်းပန်ပါတယ်"

ခိုက်ကိုကြည့်ပြီး ခ ရော ခေါင် ပါ ပါးစပ်အဟောင်းသား , စံအိမ်ပြန်ရောက်တာနဲ့ ခ ရှိရာအခန်းထဲပြေးဝင်ပြီး ခ ကိုဖက်ကာ အော်ငိုနေသည်။

ပါးစပ်ကလဲ တောင်းပန်ပါတယ်သာပြောပြီး လူကို အတင်းဖက်ကာ ငိုနေတာ ၁၅ မိနစ်လောက်ရှိတော့မယ် , ဒီကောင် ဘာဖြစ်ချင်နေတာလဲ , ခေါင် ကို မင်း ညီ မင်း လာဆွဲလို့ပြောတော့လဲ ဟိုကောင် က အကိုပီသစွာ နေရာမှတုပ်တုပ်မလှုပ်ပဲ ခ နဲ့ ခိုက် ကို ရပ်ကြည့်နေသည်။

ဘေးနားမှာ ဘဲကြီးအပြင် M , K နဲ့ Ram ပါရှိတော့ ခ စိတ်ထဲ ရှက်သလိုလို , ဒါပေမဲ့ ၅‌ရက်လောက်နေမှ ပြန်တွေ့ရတဲ့ သူတောင်းစားတွေကို ကြည့်ကာ စိတ်ထဲဝမ်းနည်း‌မိနေသည်။

ခ အတင်း ဘဲကြီး ဒယ်ဒီ အိမ်ထဲ ဆွဲခေါ်ခံရတဲ့အချိန် ခိုက်နဲ့ခေါင်က ကားဘေးမှာ ရိုက်ခံထားရတာကြောင့် သတိမေ့မျောနေပြီဖြစ်သည်။

အဲ့ဒီနေ့.....

အဲ့ဒီနေ့က ဒီအိမ်မှာ မနက်စာစားနေတုန်း ဖုန်းထဲ မက်ဆေ့တစ်ခုဝင်လာသည်။ထုံးစံအတိုင်း ပစ္စည်းပို့ဖို့ ပဲ အလုပ်‌ ခေါ်တဲ့သူကလဲ အရင်က အလုပ်အပ်နေကြ မိန်းမကြီးဖြစ်တာမို့ သုံးယောက်သဘောတူ လက်ခံခဲ့သည်။ဒါပေမဲ့ အလျင်လိုနေတာမို့ လိပ်စာတစ်ခုကို နာရီဝက်အတွင်း အရောက်လာခဲ့ပါလို့ပြောတာကြောင့် အလျင်စလိုသွားရက လမ်းမှာ ချောင်းတွယ်ခံခဲ့ရတာ။

ခ မျက်လုံးထဲ သွေးတွေနဲ့ သတိမေ့နေတဲ့ ခိုက် နဲ့ ခေါင်ကို ခုထိမမေ့ , အရင်ကလဲ ဒီလို ဒဏ်ရာရနေကြပေမဲ့ ခုတစ်ခေါက်က လူမဆန်စွာ ရိုက်ခံရတာမို့ အရမ်းဒေါသထွက်မိရင်း ကိုယ့်သူငယ်ချင်းတွေကို မကယ်နိုင်ပဲ သူများဆွဲခေါ်ရာ ပါသွားခဲ့ရတာကြောင့် ကိုယ့်ကိုယ့်ကိုယ် အသုံးမကျဘူးလို့ အပြစ်တင်မိတာလဲ အကြိမ်ကြိမ်။

"အီးဟီး မင်းအဲ့လို မငိုစမ်းနဲ့ ငါလဲငိုချင်တာပေါ့ သူ‌တောင်းစားရဲ့"

သွားပါပြီ , တစ်ကောင်က စောက်ရှက်မရှိငိုနေပါတယ်ဆို ခ ကပါ အလိုတူအလိုပါ တစ်ယောက်နဲ့ တစ်ယောက်ဖက်ရင်း ထပ်ဆင့်ငိုနေကြသည်။

ʀᴇɴᴏWhere stories live. Discover now