Part 41 ( Unicode )

7.8K 569 24
                                    

"ကိုကို"

"ဗျာ"

RENO တစ်ယောက် ဒီကြားထဲ တောင်လိုပုံနေခဲ့တဲ့ အလုပ်အကြွေးတွေ Meeting room ထဲ ခေါင်းတောင်မဖော်နိုင်လောက်အောင် ပင်ပင်ပန်းပန်း လုပ်နေတုန်း သူ့ကလေး ရဲ့
ခေါ်သံလေးကြောင့် ပြုံးမိသွားရသည်။

ခ က တံခါးကို ကျောပေးမှီကာ လက်ထဲမှာလဲ ဘယ်ကအရုပ်လေးကိုလဲ မသိ ပိုက်ထားသေးသည်။ ခ ကို RENO အမြတ်တနိုးနဲ့ခေါင်းအစ ခြေအဆုံးကြည့်မိတော့ ဒီကလေးလေးက သိသိသာသာကို ဝလာသည်။

ဝတာတောင်မှ တစ်ခြားနေရာလေးတွေက သိပ်မသိသာပဲ ပါးလေးတစ်ခုထဲ ကွက်ဖောင်းနေတာ။မနက်အိပ်ရာနိုးတော့ ရင်ခွင်ထဲကဟာလေးကို ကြည့်ပြီး RENO အသဲတယားယားဖြင့် ညာဖက်ပါးလေးကို အားပါပါ ကိုက်မိတာ ကုတင်ပေါ်ကကန်ချခံလိုက်ရသည်။

အဟက် !! ခုထိ ကိုက်ရာလေးမပျောက်တမ်းနီရဲနေတုန်း။

"ကိုကို့ကလေးလေး ဘာလိုချင်လို့လဲ"

ခ က သူ့အရုပ်လေးကို ပိုက်ကာ Meeting room ထဲဝင်လာပြီး RENO ရဲ့ပေါင်ပေါ်အတင်းကုပ်တက်နေတော့သည်။

ဒီကကောင်မှာတော့ သူလေးပြုတ်မကျအောင် ထိန်းပေးရင်းပေါ့။ဒီကလေးက ငယ်ငယ်ထဲက တစ်ခုခု လိုချင်တာရှိရင် ပေါင်ပေါ်တက်ချွဲတတ်တာလေ။

"ခ ဂေဟာသွားချင်တယ်"

"......"

ကျစ် ! ဒီနေ့ကိုယ်လိုက်မပို့နိုင်ဘူး ၊ ကိုယ်မပါပဲနဲ့ကလဲ စိတ်မချဘူး ခက်ပြီကွာ။

"မနက်ဖြန်....."

"ကိုကို !!"

ခ ကခုနောက်ပိုင်း အဲ့ဒီကို ခနခနသွားသည်။‌ခြေမငြိမ်တဲ့ ဒီကလေးက ခုနောက်ပိုင်းတော့လိမ်မာလာသည်။အရင်ကလို အိမ်ထဲကလဲ ခိုးမထွက်တတ်တော့တဲ့ အပြင် ဟိုနေရာသွားချင်တယ် ဒီနေရာသွားချင်တယ်ဆိုပြီးလဲ ပူဆာတာမျိုးမရှိ။

တစ်ခုပဲဖုန်းလေးကို လက်ထဲက မချတာ။ဖုန်းကိုလက်ထဲက ချပြီဆိုရင်လဲ Laptop ကြည့်တော့တာ။တကယ်ကို ကလေးလိုပဲ Facebook , You tube , Google အစုံကြည့်သည်။

Online ကဈေးဝယ်တာလဲ သူ့အပြင်နှစ်ယောက်မရှိ။မိုးမလင်းသေးဘူး Delivery ကအရင်ရောက်နေပြီ။ Room decorations ကိုလဲ စိတ်ဝင်စားတဲ့ ကလေးမို့ အခန်းတွင်းလဲ သူ့စိတ်ကြိုက် ပြင်တာ ၊ တကယ်အဟုတ် ခုထိ ပြင်လို့မပြီးသေးဘူး။

ʀᴇɴᴏWhere stories live. Discover now