Part 22 ( Unicode )

12.1K 888 13
                                    

အင်း။ မြတ်နိုးရာ‌လေးက ကျွန်တော့်ကို ရေခဲမုန့် ပြန်ဝယ်ပေးဆိုပြီး အော်ဟစ်သောင်းကျန်းနေရာမှ အိပ်ပျော်သွားလေပြီ။

အရမ်းငိုထားတာရယ် အကြိုအပို့မရှိ အိမ်ကနေခိုးထွက်သွားတာမို့ လမ်း‌အကြာကြီး လျှောက်ထားရတာရယ် ကြောင့် ခ ပင်ပန်းနေမှာမို့ RENO ကားရဲ့ Lover seat လေးမှာ RENO ဘက်မျက်နှာမူပြီး အိပ်မောကျနေသူလေးကို မနိုးရက်ပဲ တစိမ့်စိမ့်ကြည့်နေမိသည်။

စံအိမ်ပြန်ရောက်တာ နာရီဝက်ရှိပြီ ဖြစ်သည်။ကားအနားကို ဘယ်သူမှ လာခွင့်မပေးထားသလို RENO ကိုယ်တိုင်ကပင် အသက်ရှုသံမျှ မထွက်စေပဲ တိတ်တိတ်ဆိတ်ဆိတ် နေနေမိသည်။

စိတ်ပူလွန်ပြီး ခ ကို အော်မိပေမဲ့ ခ က တစ်ခါတစ်လေ RENO အပေါ်ဆို ဆိုးကိုဆိုးသည်။အကုန်လိုက်လျောပြီး မာနခဝါချထားရတာတောင် ခ အတွက် မလုံလောက်တဲ့ပုံပဲ။

ဒါပေမဲ့ ကိုယ်ဘာတတ်နိုင်မှာလဲကွာ။ ကိုယ်က ခပ်ဆိုးဆိုးကောင်းလေးကိုမှ မြတ်မြတ်နိုးနိုး ချစ်နေမိတာကိုး.....

တကယ်ပါ ချစ်စရာလေး , လူကိုပိုင်ဆိုးပိုင်နင်းနဲ့ ဝတ်ထားတဲ့ အကျီကလဲ ကိုယ့်ဟာ ဘောင်းဘီလဲ ကိုယ့်ဟာ။ ခ က အိမ်လဲ မပြန်ရတာမို့ ခ သုံးနေကျ ပစ္စည်း , ဝတ်‌တတ်မဲ့ အကျီလေးတွေ ရေမွှေး ဆပ်ပြာ ခေါင်းလျှော်ရည် Lotion အဝတ်အစား Boxer ကမှအစ လိုလေသေးမရှိဝယ်ပေးထားတာ , ဒါကို ဒီဟာလေးက
ကိုယ့်ဟာပဲ ယူယူဝတ်သည်။

ဘယ်လိုဟာလေးမှန်းကို မသိ အိပ်နေတာလေးကလဲ ချစ်စရာ , လက်လေးက ပိုက်ထားသေး။လအိပ်တာ‌ တောင် စတိုင်နဲ့ပေါ့။

"ရွှတ်"

RENO ဒါနဲ့ဆို ခ ရဲ့ပါးကို ခိုးနမ်းမိနေတာ ၅ခါရှိပြီ။အသဲယားလွန်းလို့ ဖြစ်ညစ်ပစ်ချင်ပေမဲ့ ခ ပင်ပန်းနေတော့ အတော်သည်းခံနေရသည်။

"အင့် မေမေ....."

RENO သိလိုက်ပြီ။ ခ ဒီလို အိပ်နေရင်း မေမေဆိုပြီး တ လိုက်ရင် ခနနေ ငိုတော့မယ်ဆိုတာကို။

ကျစ် !

အိပ်ရင်း ထပ်ငိုမှာထပ်စာရင် နိုးလိုက်တာ ပိုကောင်းတာမို့ RENO ခ ကိုနိုးရတော့သည်။

ʀᴇɴᴏWhere stories live. Discover now