Part 49 ( Unicode )

7.1K 507 22
                                    

"ကျစ် ! ရုန်းပြန်ပြီ တော်တော် ဝါသနာပါနေတယ် ဟုတ်လား"

ရုန်းမှာပေါ့ ၊ ညက မောင့်လက်ချက်ကြောင့် ဒီမှာပဲ အိပ်ဖြစ်သွားသည်။ ခုလောက်ဆို ခ ရော ခိုက်ရော စိတ်ပူနေလောက်ပြီ။ ခေါင့်ရဲ့ နာရီကလဲ ညက မောင် ဘာတွေ စိတ်ကူးရတယ်မသိ ချွတ်ပြီး ကုတင်အောက်ကိုပစ်လိုက်တာမို့ ခုဘယ်နှစ်နာရီရှိနေပြီလဲ ခေါင်မသိ။

ဒါပေမဲ့ မိုးလင်းနေတာတော့ သေချာသည်။ အဲ့တာကြောင့် မြန်မြန်ပြန်မှဖြစ်မည်။မောင်ကတော့ ဘယ်သူ့အားကိုးနှင့် မိုက်နေတယ်မသိ ၊ ခုထိ လူကို အတင်းဖက်ကာ အိပ်ကောင်းတုန်း။

"အဟင့် မောင် လွှတ်လို့ !! ပြန်ရမယ်လေ ဘယ်အချိန်ထိ အိပ်မလို့စဉ်းစားနေတာလဲ"

"ဖြစ်နိုင်ရင် ဒီလိုပဲ တစ်နေကုန် ခင်ဗျားကို ဖက်ပြီး အိပ်နေချင်တာ"

"အင့် ! ပေါက်က‌ရ ပြီးတော့ အဲ့အသံနဲ့စကားမပြောစမ်းနဲ့ မကြိုက်ဘူး"

"ကျစ် ! ဘာလို့မကြိုက်တာလဲကွာ"

"ဟို အရမ်း အရမ်းနားထောင်လို့ကောင်းနေတယ်လေ"

အဟက် !
ခင်ဗျား‌ဟာလေတကယ် ၊ ဒါတွေကြောင့်ချစ်ရတာ ၊ တကယ်ကို ရိုးသားလွန်းသည် ၊ ဟန်ဆောင်ရမှာတွေလဲ နားမလည် စိတ်ထဲရှိတာ အကုန်ထုတ်ပြောတတ်တဲ့ ခင်ဗျားလေး။

ခေါင်က တကယ်တော့ အသက်သာကြီးတယ် လူကောင်က သေးသေးလေး ၊ ပုံစံကလေ ပုဆိုးဝတ်ထားတဲ့ နေ့ဆို မသိရင် ကျောင်းဆရာလေးလိုပဲ ၊ ဆံပင်ဆို အမြဲ လှန်တင်ထားတာမျိုးမရှိ ၊ အမြဲ အဲ့ဒီပညာရှိနှာဖူးလေးကို 24/7 ဖွက်ထားသည်။

အသားအရည် ဆိုတာ ပြောစရာမရှိ ၊ မပိန်လွန်း မဝလွန်း မို့ ဗိုက်သားလေးတွေဆိုတာ အဆီကင်း ၊ မာဆယ်တော့ မရှိပါ ၊ ကျွန်တော့မြတ်နိုးရာလေးက အပျင်း ၊ ဘာအားကစားမှမလုပ် ဒါပေမဲ့လဲ ချပ်ရပ်နေတဲ့ Body လေးက သိပ်ကို မြတ်နိုးစရာကောင်းသည်။

ပြီးတော့စကားပြောတာ ၊ အမြဲသူ့ဟာသူ ငါ ငါနဲ့ ကောက်ထုလိုက်ရမကောင်းရှိဦးမည်။ ဒီကောင်မောင့်ကိုတောင် မောင်လို့ခေါ်တတ်ဖို့ နှုတ်ကျိုးသွားအောင် မနည်း အကျင့်လုပ်ပေးထားရသည်။

ʀᴇɴᴏWhere stories live. Discover now