Part 12 ( Unicode )

12.7K 958 13
                                    

RENO ဒီတစ်ညလုံးအိပ်မပျော် , အိပ်ရာပေါ်က ကောင်လေးကတော့ သူ့ကို သိပ်မုန်းကြောင်းပြောကာ သူနဲ့ ဆန့်ကျင်ဖက်လှည့်၍ ပြန်အနားယူသွားသည်။

ခ ရဲ့ တစ်ကိုယ်လုံးကို ကြည့်ပြီး RENO လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။ခေါင်းထဲမှာလဲ ကိုယ်သာ ဒီအသိုင်းအဝိုင်း ဒီပတ်ဝန်းကျင်က မဟုတ်ခဲ့ရင် ခ ဒီလိုနာကျင်ရမှာ မဟုတ်ဘူးဆိုတဲ့အတွေးတွေနဲ့ပေါ့။

ဒယ်ဒီက ကိုယ့်ကို သက်သက်ခနဲ့ ချင်လို့ ဒီလိုရိုင်းစိုင်းတဲ့အပြုအမှုမျိုးလုပ်လို‌က်ပေမဲ့ ကိုယ့်ကလေးကတော့ သိပ်ကို နစ်နာသွားရပြီ။

အရင်က ဒယ်ဒီ ပေးစားတဲ့ သူနဲ့ မယူရင် ကိုယ့်အနားမှာရှိတဲ့ သူတွေအကုန် လိုက် ဒုက္ခပေးခဲ့တာ , သူ့အလုပ်တွေမလုပ်ပေးရင် , သူခိုင်းတာတွေမလုပ်ရင် ကိုယ့်အနားကလူတွေကို နာကျင်အောင် လုပ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တတ်တာ ဒါ ကိုယ့် ဒယ်ဒီရဲ့ ပုံစံအမှန်ပဲ။

ကိုယ်ရုန်းထွက်ချင်ပြီ။ကိုယ်ရဲ့ ငယ်ဘဝက ကိုယ်မှတ်ညဏ်ထဲ ပျောက်ချင်းမလှပျောက်နေပေမဲ့ ကိုယ်တစ်ခုတည်းမှတ်မိနေတာက မိဘမဲ့ဂေဟာတစ်ခုကနေ ဒယ်ဒီက ကိုယ့်ကို ခေါ်ပြီး မွေးစားခဲ့တော့ ငါလဲ သူများတွေလို မိဘရပြီဆိုပြီး သိပ်ပျော်နေခဲ့တာကိုပေါ့။ဒီလိုတွေ ဖြစ်လာမယ်ဆိုတာ သိခဲ့ရင် ကိုယ်လေ ဒယ်ဒီ့နောက် မလိုက်ခဲ့ဘူး။

ကိုယ့်ဘဝတစ်လျှောက်လုံး ဒယ်ဒီထားရာနေ စေရာသွား ဘဝနဲ့နေခဲ့တာ , ကိုယ်အခုလိုအနေအထားရောက်အောင်တောင် မနည်းရုန်းထွက်ခဲ့ရတာ။

သူများပြောတဲ့ ချစ်တာတွေမုန်းတာတွေ ရင်ခုန်တာတွေ လွမ်းတာတွေ ကိုယ်မသိဘူး , ကိုယ်သိတာ ငါဒီနေ့ဘာလုပ်ရမယ် မနက်ဖြန် ဘာလုပ်ရမယ်ဆိုတာကိုပဲ။

ကိုယ်မင်းနဲ့ စတွေ့မှ ဘဝမှာ ဝေခွဲမရတာတွေ မင်းကို စကားတစ်ခွန်းပြောဖို့ တွန့်ဆုတ်မိ‌တာတွေ မင်းရှေ့မှာ ရှိနေရင် ကိုယ့်အပြုအမှုတစ်ခုကြောင့် မင်းစိတ်လေးတစ်ချက်ရှုပ်သွားမလားလို့ စိုးရိမ်မိတာတွေ ကြောက်မိတာတွေထိ ဖြစ်လာတယ်။

အနားမှာ အကြာကြီးခေါ်ထားမိတော့ မင်းမရှိရင် မနေတတ်တော့ဘူး , ကိုယ့်အနားမှာမှ မရှိရင် ဒီကောင်လေး ဘယ်မှာဘာတွေလုပ်နေလဲ အဆင်ပြေရဲ့လားလို့ စက္ကန့်မလပ် စိတ်ပူနေမိတာ , ကိုယ်မင်းကိုကြည့်‌လေ ကြည့်လေ ကြာလေကြာလေ ပိုင်ဆိုင်ချင်လာလေပဲ။

ʀᴇɴᴏWhere stories live. Discover now