Part 45 ( Unicode )

7.7K 557 20
                                    

"မောင်စိတ်တိုနေတယ်နော် မရုန်းနဲ့စမ်း !!"

ခေါင် သူ့ကို အတင်းဆွဲခေါ်လာကာ ရုံးခန်းထဲ လူမြင်မကောင်းအောင်သောင်းကျန်းပြီး ဇွတ်အတင်းတွေအကြမ်းပတမ်း လာနမ်းနေတဲ့ ဒီကောင်လေးကိုနားမလည်တော့။

ခုလဲ လူကို မလွှတ်စတမ်းဖက်ထားတာမို့ ခေါင် မနေတတ်တော့တာကြောင့် ရုန်းမိတော့လဲ သူစိတ်တိုနေတာမို့ မရုန်းပါနဲ့တဲ့။

တကယ်တော့ စိတ်တိုရမှာက ကိုယ်ပါ။ အလုပ်လုပ်နေရင်းတန်းလန်း ဘေးကနေဘာဖြစ်မှန်းမသိ လူကို အတင်းဆွဲခေါ်လာပြီး ဒါမျိုးတွေ လုပ်နေတာ ကျန်ခဲ့တဲ့ တစ်ဖက်က ရှယ်ယာရှင်တွေကို အားနာစရာ။

ဒီကလေး ဒေါသကကြီးမှန်းသိပေမဲ့ ဒီလို တဇွတ်ထိုးလုပ်တတ်မှန်းတော့ ခေါင်လဲ ခုမှကြုံဖူးတာမို့သာ သိရသည်။တကယ်ပဲ ဘာကို အမြင်မကြည်လို့ ဒါမျိုးတွေလုပ်နေရတာလဲ။

"ဖယ် !!"

"ကျစ် !"

"လွှတ်ပေးလို့ ပြောနေတယ်နော် !!"

ဟူး အတင်းတွေအော်မှပဲ လွှတ်ပေးတော့သည်။

"မဖြည်နဲ့ဆံပင်ကို !!"

"....."

"Cigarette တွေလဲလာမသောက်နဲ့ သူများရုံးခန်းထဲ !!"

"ကျစ် ! မောင်ဘာလုပ်ရမှာလဲကွာ"

"ထိုင် !!"

ဟုတ်တယ်လေ စိတ်တိုလာရင် ၊ စိတ်ရှုပ်လာရင် စည်းထားတဲ့ ဆံပင်ကို ဖြည်ချပြီး ခပ်ကြမ်းကြမ်းဆွဲဖွကာ Cigarette ဖွာတတ်တာ K ရဲ့အကျင့်။ ဒါပေမဲ့ မြတ်နိုးရတဲ့ထိုလူသားနှုတ်က တားမြစ်သံထွက်လာသည်မို့ စိတ်ထဲ စနိုးစနှောက် တစ်ခုခုလိုနေသလို ဖြစ်ရပေမဲ့ ကိုယ်မှ မလွန်ဆန်နိုင်တာ သက်ပြင်းပဲချကာ ထိုင်ဆိုလဲ ထိုင်ရုံပေါ့။

"မြန်မြန်ထိုင် ရော့ ရေသောက် !!"

ဘာလဲမသိဘူး။အဲ့ဆံပင်က အမြဲဖြည်ချဖို့လိုလို့လား။ဘာလဲ သူရယ်ကိုယ်ရယ်နှစ်ယောက်ထဲရှိနေတာမို့ လူကို မြူစွယ်ချင်တာလား ၊ အဲ့ဆံပင်က ချထားရင် သူနဲ့ အရမ်းလိုက်တယ်ဆိုတာ မသိဘူးလား။

တကယ် မကြိုက်ပါဘူး အဲ့ဆံပင်ကြီးကိုချထားတာ !!

Cigarette ကလဲ သာမာန်လူတွေလိုရိုးရိုးသောက်ပါ ရပါတယ် ခုဟာက အမြဲ မျက်နှာကို တစ်စောင်းလှည့်ပြီး မျက်ခုံးလေးတွေ သိသိသာသာ တွန့် မျက်မှောင်ကြုတ်ပြီး သောက်တတ်တာ အဲ့လိုအချိန်ဆို ဒီကလေးက အရမ်းကြည့်ကောင်းတာ အဲ့တာကြောင့် Cigarette သောက်တာလဲ ခေါင်မကြိုက်ဘူး ကိုယ့်အရှေ့မှာသောက်လဲ မကြိုက်ဘူး သူများရှေ့မှာဆို ပိုလို့တောင် မကြိုက်ဘူး။

ʀᴇɴᴏWhere stories live. Discover now