Part 44 ( Unicode )

8.2K 543 29
                                    

ခ ညကကောင်းကောင်းအိပ်မပျော်။ကိုကိုက ခ ကိုတင်းတင်းကျပ်ကျပ်ဖက်ပြီး ခ ကို သူဘယ်လောက် မြတ်နိုးရကြောင်း။ဘယ်လိုချစ်ရကြောင်းတွေတစ်ဖွဖွ ပြောနေတာရယ် ခ ရဲ့ တစ်မျက်နှာလုံးကိုလဲ ကိုကို့ စိတ်ကြိုက် အချိန်အတော်အတန်ကြာတဲ့ အထိ နမ်းနေခဲ့တာ။

ခ တစ်ကိုယ်လုံးကိုလဲ သိမ်းကျုံးပြီး ဖက်ထားတာ ခ အခုထိ နေရာရွေ့မရ။ ကိုကိုက ဘယ်လောက်အိပ်မောကျနေတယ်ဆိုဆို ခ တစ်ချက်ရွှေ့လိုက်တာနဲ့ ကိုကိုက ချက်ချင်းနိုးလာပြီး ခ ကို ကြည့်သည်။ ညသန်းခေါင်နေနေ မိုးလင်းခါနီးအချိန်ဖြစ်နေရင်တောင် ခ လှုပ်လိုက်ပြီဆိုရင် ကိုကိုက နိုးလာပြီး ခ ကိုသူ့ရင်ခွင်ထဲ အတင်းပြန်ဆွဲထည့်ကာ ၊ ခ ဘာလိုလို့လဲ ရေဆာလို့လား ၊ ကိုကို ဘာလုပ်ပေးရမလဲဆိုပြီး အမြဲမေးတတ်သည်။

ကိုကိုက ခ ကို သိပ်ဂရုစိုက်သည်။ မနေ့က ခ အကြာကြီးငိုပြီး ဂျီကျလိုက်တာ ကိုကို တော်တော်ပင်ပန်းသွားသည်။ခ လိုချင်တဲ့ အဖြေတော့ မရလိုက်ပါ။ကိုကိုက သူ့ကို အချိန်ပေးပါဦးတဲ့လေ။

ခ သားသားလေးကို လွမ်းတယ်ဆိုရင် နေ့တိုင်းလိုက်ပို့မယ် ပြီးတော့ အဲ့ကလေး ကိုယ်တို့လက်ထဲ မရောက်မချင်း ဘယ်သူမှမထိစေရဘူးတဲ့ ၊ သူများခေါ်မွေးစားသွားမှာလဲ မကြောက်နဲ့ ၊ သူ့မိဘတွေ ပြန်ခေါ်သွားမှာလဲ မကြောက်နဲ့ ကိုကို့တာဝန်ထားတဲ့။ကိုကို အဲ့လိုပြောမှပဲ ခ စိတ်အေးရတော့သည်။ဘယ်လိုပဲဖြစ်ဖြစ် ကိုကို့ကိုလဲ အချိန်ပေးရမည်မဟုတ်လား။

အမှန်အတိုင်းပြောရရင် ခ မနေ့ညက ကိုကို့အပေါ်သိပ်ကို တစ်ဇွတ်ထိုးဆန်သွားသည်။

ခ ကြောင့် ပင်ပန်းလဲ ပင်ပန်းလောက်စရာပါ။အရင် မနက် ၈နာရီဆို ဒေါင်ခနဲနိုးနေတတ်တဲ့ ကိုကိုက အခု ခ ကို သူ့အနားကထွက်သွားတော့မည့်အလားတင်းတင်းကျပ်ကျပ်ဖက်၍ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်နေတော့သည်။

ကိုကို့ရင်ခွင်ထဲကနေ ‌ကိုကို့မျက်နှာလေးကို မော့ကြည့်တော့ ကိုကိုက ပြောင်းလဲသွားသည်။ထင်မှတ်မထားလောက်အောင်ကို ပြောင်းလဲသွားသည်။ခ အပေါ် ဂရုစိုက်တာ ချစ်တာက‌တော့ အရင်အတိုင်းဆိုပေမဲ့ ကိုကိုရဲ့ အကျင့်တွေကတော့ အရင်လိုမဟုတ်တော့။

ʀᴇɴᴏWhere stories live. Discover now