Part 21 ( Unicode )

11.8K 885 24
                                    

ပြတင်းပေါက်အနား , တံခါးအနား ဟိုချောင်း ဒီချောင်းလုပ်နေတဲ့ ခ ကိုကြည့်ကာ M ခေါင်းတစ်ခါခါ။ ဒီတစ်ခါလဲ ဘာတွေကြံစည်နေပြန်ပြီမသိ။

Boss က အကိုဘုန်းမာန်ခ ကို အပြင်ခိုးထွက်မှာစိုးလို့ စောင့်ကြည့်ထားတဲ့ , အစကတော့ စဉ်းစားပါတယ် အကို ဘုန်းမာန်ခ က အပြင်ထွက်စရာအကြောင်းမှမရှိ။

Boss ကလဲ မနက်ထဲက Company သွားတာမို့ Boss မှာခဲ့တဲ့ အတိုင်း အကိုဘုန်းမာန်ခ အနား တစ်ဖဝါးမခွာနေမိတော့ မှ M သ‌ဘောပေါက်သည်။

တကယ်ကို အကိုဘုန်းမာန်ခက အိမ်ထဲက အိမ်ပြင်ခိုးထွက်ချင်နေတဲ့ ကလေးတစ်ယောက်လိုပြုမှုနေသည်။တစ်ခုခုဝယ်စရာရှိရင်လဲ ခိုင်းပါလို့ပြောတော့ ခေါင်းပဲခါပြသည်။

"ညီ....."

စပါပြီ , တစ်ခုခု လိုချင်တာရှိရင် လူကို ညီ ညီ နဲ့ ကျန်တဲ့ ချိန်များ လူကြားမကောင်းအောင် လည်ပင်းက တက်တူးကို ခွေးလည်ပတ်နဲ့တူ‌တယ်လေးဘာလေးနဲ့။

"ဟုတ်ကဲ့ အကို"

"မပျင်းဘူးလား အိမ်ထဲမှာလဲ ညီရယ် အကိုရယ်ပဲရှိတာဆိုတော့ မုန့်လုပ်စားကြမလား"

"ဗျာ....."

ခ အဲ့လိုပြောမယ်လို့ ဒီကောင်လေးမထင်ထားဘူးထင်သည်။ ဘာပြန်ပြောမလဲမသိပေမဲ့ သူ ဗိုက်ဆာနေ‌တာတော့ ခ သိသည်။ ခ ကို ဘယ်သူတွေဘယ်လိုမြင်ကြမယ်ဆိုတာမသိပေမဲ့ ခ က ဟင်းတွေသာ အရသာတွေ့အောင် မချက်တတ်တာ မုန့်တော့လုပ်တတ်သည်။

ဝါသနာပါလွန်းလို့ သင်တန်းတွေ‌တောင် တက်ဖြစ်သေးသည်။ မြန်မာမုန့်ဆိုလဲတော်တော်များများလုပ်တတ်သလို , ကိတ်ကတော့မပါမဖြစ်ပေါ့။

ခိုက် နဲ့ ခေါင် ဆို အိမ်မှာ ခ မုန့်လုပ်တဲ့နေ့ဆို ထ ခုန်မတတ်။ တကယ်လဲ အရသာက အလွန်ကောင်းသောကြောင့်ဖြစ်သည်။

ဒီနေ့လဲ ခ လျှိုထားတဲ့ အရည်အချင်းတွေကို ထုတ်သုံးမှဖြစ်တော့မည်။ ဘာကြောင့်ဆို ခ ဒီနေ့ အပြင်ထွက်ချင်လို့ပဲ။

ထွေထွေးထူးထူး ရယ်လို့မဟုတ်ပဲ နီးနီးနားနားဖြစ်ဖြစ် လမ်းလျှောက်ထွက်တာမျိုး ကစားကွင်းမှာ ကလေးလေးတွေနဲ့ အတူ ဘော်ဒါလုပ်ပြီး ဆော့ချင်တာမျိုး , သီချင်းနားထောင်ရင်း ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာ မျက်လုံးနှစ်လုံးကိုရှင်ရှင်ဖွင့်ပြီး အကဲခတ်ကြည့်ချင်တာမျိုးပေါ့။

ʀᴇɴᴏWhere stories live. Discover now