Part 28 ( Unicode )

10K 753 19
                                    

Block ထားတဲ့သူကပဲ အရူးကြီးကျလို့ , ဖုန်းလဲ မခေါ်ဘူး , Message လဲမပို့ဘူး။သွားလိုက်တာ ၁၅ ရက်တောင်ရှိပြီ ဘာတွေများအဲ့လောက်လုပ်နေလို့ ကိုကိုက ဒီလောက်ပျောက်ချင်းမလှပျောက်နေရတာလဲ။

ဒီ ကိုကို ခ ကိုထားခဲ့ပြီးဖောက်ပြန်နေတာတော့ မဟုတ်ပါဘူးနော်။ဟုတ်ရဲဟုတ်ကြည့်ပါလား တစ်ယောက်ပါးတစ်ယောက်ပြန်ချခိုင်းလိုက်မှာပေါ့။

"အားးးးးးးး"

ခ အော်သံကြောင့် M တစ်ယောက် အိပ်ငိုက်နေရင်း လန့်နိုးရတော့သည်။

အော် အကိုဘုန်းမာန်ခ ရဲ့ ဒုက္ခကလဲမ‌သေးပါလား။မသိရင်သာ Boss ကိုမလွမ်းသလိုလိုနဲ့ ရက်ကြာလာတော့ ပုံမှန်သိပ်မဟုတ်ချင်တော့ဘူး။

M သိပါသည်။Boss ကပထမရက်ဖုန်းပြောတော့ နောက်နေ့ငါအားမှာမဟုတ်ဘူးလို့ပြောထဲက ဖုန်းထပ်မခေါ်ဖြစ်လောက်ဘူးဆိုတာ အဲ့နေ့က အကိုဘုန်းမာန်ခ Boss ကိုစိတ်ဆိုးပြီးဖုန်းမကိုင်ဘူးလေ။နောက်‌ရက်တွေကျ နေ့တိုင်း M အနားလာကာ Boss ကဖုန်းမခေါ်လာဘူးလားလို့ လာလာမေးတတ်သည်။မခေါ်လာသေးဘူးဗျလို့ပြန်ဖြေရင် အမြဲပျော်ပျော်နေတတ်တဲ့ သူက မျက်နှာ ပျက်ပျက်သွားသည်။

ဘယ်လိုပဲဖြစ်ဖြစ် အကိုဘုန်းမာန်ခကို စောင့်ကြည့်ထားပေးဖို့ Boss ကသေချာမှာခဲ့တာကြောင့် အကိုဘုန်းမာန်ခ ပျော်ရွှင်ဖို့က M တစ်ယောက်ထဲရဲ့ တာဝန်ပဲဖြစ်သည်။

"အကို ကျွန်တော်တို့ ဘောလုံးကန်မလားဗျ"

"မကန်ဘူး"

ထိုချိန် M ရဲ့အတွင်း အကျီ အိပ်ကပ်ထဲမှာ ထည့်ထားတဲ့ ဖုန်းရဲ့ Vibrate သံကြောင့် အမြန်ထုတ်ကြည့်လိုက်တာ ဖုန်းခေါ်လာသူမှာ Boss , ဟူး ဒီနေ့တော့ ဝဋ်ကျွတ်ပြီထင်တယ်။

"ဘယ်သူလဲ ဘဲကြီးလား"

"ဟုတ်တယ်ဗျ"

"ပေးစမ်း"

လက်ထဲကနေ ဇိုးဇိုးဇက်ဇက်ဆွဲယူသွားတာများ ဖုန်းထဲကနေ ရန်ဖြစ်ကြတော့မယ်ထင်တယ်။

"ဟယ်လို....."

"အဟမ်း ဘာလဲ"

ခ ကဖုန်းကိုင်ပါလား။ RENO တစ်လလောက်မှပြီးရမဲ့အလုပ်ကို အိမ်က ကလေးကို လွမ်းနေပြီဖြစ်တာကြောင့် မြန်မြန်အပြတ်ဖြတ်ရင်း ရှင်းစရာရှိတာ ရှင်းနေရတာ အားတယ်လို့ကိုမရှိ။

ʀᴇɴᴏWhere stories live. Discover now