Part 29 ( Unicode )

10.1K 752 19
                                    

ဟာ ဒီကောင်ကွာ ဘယ်သူမှသူ့နောက်လိုက်မလာနဲ့ပြောတော့အဆင်ပြေနေတယ်ထင်ပြီး တစ်နာရီလောက်လွှတ်ထားမိတာ။

M နားအကျိုးအကြောင်းမေးနေရင်း စကားပြောရင်း အချိန်တွေကုန်သွားသည်။ခိုက်ကတော့ ခ ကိုစိတ်ပူလို့ အပေါ်လိုက်တက်ကြည့်ပြီး တံခါးတွေအဆင်မပြတ်ခေါက်နေသည်။

အစပိုင်းမှာ ခ က ပြန်‌ဖြေပေမဲ့ နောက်ပိုင်းတော့ အသံမလာတော့တာကြောင့် ခေါင်ရော ခိုက်ရော စိုးရိမ်တကြီး M ကိုတံခါးဖွင့်ခိုင်းရတော့သည်။

တံခါးဖွင့်ဖွင့်ချင်းလဲကျလာတာတော့ ခ ရဲ့ ခန္ဓာကိုယ်လေးပါ။
တံခါးကိုမှီထား၍ထင် ဖွင့်လိုက်တာနဲ့ ခ ရဲ့ သတိမရှိတော့တဲ့ ကိုယ်လေးက ချက်ချင်းကို လဲကျလာတာ။

ခေါင်ဒီထပ်ပိုပြီး ဂရုစိုက်ခဲ့ရမှာ ခ က သန်မာချင်ယောင်ဆောင်နေတဲ့ကလေးတစ်ယောက်ဆိုတာ ခေါင်အသိဆုံး။ ဘဲကြီးကို ခ ချစ်တယ်ဆိုတာ ခုမှမဟုတ် ငယ်ငယ်လေးထဲသိခဲ့တာ။

မဟုတ်မမှန်သတင်းဆိုပေမဲ့ ဘဲကြီးက လူတိုင်းယုံအောင် သရုပ်ဆောင်ထားတော့ ခ အနည်းနဲ့ အများထိတ်လန့်သွားရမှာပဲလေ။မဟုတ်ဘူး တော်တော်ကိုထိတ်လန့်သွားတာ။

ဘဲကြီးကဘာလို့ အဲ့လိုလုပ်ရလဲဆိုတာ M ရှင်းပြလို့ သိပြီးဖြစ်ပေမဲ့ ခ ကတော့မသိသေးဘူးမဟုတ်လား။တကယ်ဟုတ်ဟုတ်မဟုတ်ဟုတ် ကိုယ်ချစ်တဲ့သူ ကို သတင်းမှာ အဲ့လိုတွေ့လိုက်ရရင်တော့ လူတိုင်း ကမ္ဘာပျက်သလိုခံစားရမှာပဲ။

နဂိုထဲက စိတ်ပိုင်းဆိုင်ရာ အားနည်းတဲ့ ကလေးဖြစ်တဲ့ ခ အတွက်ဆို ပိုဆိုးပေါ့။မဟုတ်ရင်တောင် ဒီရက်ပိုင်း ဘဲကြီးဖုန်းဆက်မှာကို အမြဲစောင့်နေပြီး တစ်မှိုင်မှိုင်တစ်ထွေထွေနဲ့။

ဘဲကြီးပြောလို့ ခ ကညဘက်တွေဆို အရင်လိုပြန်ငိုနေတယ်ဆိုတာ သိခဲ့ရတာ။ဘဲကြီးက အထူးသဖြင့် ခ ကို ညဖက် ပိုဂရုစိုက်ပေးဖို့ မှာသွားခဲ့သည်။

နဂိုထဲက ခ က ကြီးကြီးကျယ်ကျယ်မို့ အတူတူအိပ်ပေးရအောင်လဲမဟုတ်‌တာကြောင့် ဒီအခန်းထဲမှာပဲ ညဖက် ဇာတ်ကားကြည့် စကားပြော ကြရင်း အိပ်ပျော်သွားသလို ဟန်ဆောင်ကာ တူတူနေပေးရသည်။

ʀᴇɴᴏWhere stories live. Discover now