အဟက်။
တော်တော်ပင်ပန်းသွားတယ်ထင်ပါရဲ့။မနက်၁၀ နာရီရှိပြီ မထသေးပဲ ကိုကိုလဲမထရဘူးဆိုပြီး လူပေါ်တက်အိပ်နေတာ။မကြာပါဘူး တကယ်လဲ ပြန်အိပ်ပျော်သွားသည်။
ကိုယ် သိပ်ကိုမြတ်နိုးရပါတဲ့ အနှီလူသားလေးရဲ့ ဆံနွယ်လေးတွေကို ပွတ်သပ်ပေးရင်း ခေါင်းအစခြေအဆုံးကြည့်မိတော့
တစ်ကိုယ်လုံး ကိုယ့်လက်ရာတွေကြီးပဲ။ညက ဒီကောင်လေး အမြူစွယ်ကောင်းတာရယ် မပြီးဆုံးနိုင်တဲ့ ကိုယ့်ရဲ့ အချစ်စိတ်တွေကြောင့် မရည်ရွယ်ပဲ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမိခဲ့မိပေမဲ့ သူလေးမှာ မငြိုငြင်ရှာ။ဝိုင်တစ်ခွက်သောက်ပြီးမူးနေတာလေးလဲ ပါတာပေါ့။
RENO ခ ကို မနက်ရောက်ရင်တော့ ဖျားမယ်ထင်ခဲ့တာ ကိုယ်ပဲ သိပ်ဂရုစိုက်တတ်လွန်းလို့လားတော့မသိဘူး။ ခ ကပင်ပန်းသွားတာကလွဲရင် အဖျားတော့မရှိ။
"အင့် ကိုကို....."
သေချာပါတယ် ငိုတော့မှာငိုတော့မှာ။တော်သေးတာပေါ့ ဒီစံအိမ်ကအလွန်ကြီးသည့်အပြင် အခန်းတွေက အသံလုံလို့ တကယ်ကို တံခါးပိတ်ထားရင် အခန်းထဲကအသံ အပြင်ကနေလုံးဝမကြားရလို့။
ဒါပေမဲ့ ဒီကလေးက လိမ်မာပါတယ်။လူကိုပြသာနာရှာမယ် ငိုမယ်ဆိုရင်သာ အိမ်ရှေ့ အိမ်နောက် လူကုန် အကုန်ကြားရတာ ကိုယ်နဲ့အတူနေတဲ့အချိန်ဆို ငြိမ်ရှာသည်။ခ ရဲ့နှုတ်ကနေ ကိုကို....ဆိုတာကလွဲရင် နာလည်း မငြိုမငြင် ကိုယ်ပြုသမျှ ခံရှာသည်။
တကယ်ပါ အဲ့တာတွေ ချစ်ရတာပေါ့....
"အင့် ကိုကို မထိနဲ့ !!"
"ဟော ဆေးထပ်လိမ်းရမယ်လေ ကလေးလေးရဲ့"
"အီးဟီး မနေ့ကလဲ လိမ်းပြီးပြီကို"
"တစ်ခေါက်နှစ်ခေါက်နဲ့မှ မရတာ ကလေးရယ် ခနလေးနဲ့ပြီးသွားမှာ ခ သာ ကိုယ့်အပေါ်ကနေ ငြိမ်ငြိမ်နေ လှုပ်ရင် နာမှာနော်"
"ဗြဲ......"
အဲ့ဆေးကြီးကို ဘယ်နှစ်ခါ လိမ်းမှန်းမသိ။ခ ရှက်ပါတယ်ဆို ကိုကိုကတော့။
ဟွန်းး လူကိုလုပ်ချင်တာလုပ်ပြီးသွားရင် ဂရုတော့စိုက်သားပဲ။
ခ ရှက်နေမှန်းသိလို့ ခ ကိုမကြည့်ပဲ ဆေးသေချာလိမ်းပေးရှာသည်။
YOU ARE READING
ʀᴇɴᴏ
RomanceThis is a work of fiction. Any names, characters or events are fictional.