အပိုင်း (၆)

2.9K 243 9
                                    

ကျန်းမူဟန် ကားမောင်းနေချိန် ရှန်းဝေပုံပို့ထားမှန်း သူသိလိုက်တယ်။သူက emojiပုံပို့တယ်ထင်နေတာကြောင့် ဂရုမစိုက်လိုက်ဘူး။ကုမ္ပဏီကိုသူရောက်သွားတော့လည်း အလုပ်ကိစ္စတွေနဲ့ရှုပ်နေတာရယ် အစည်းအဝေးတက်ရတာတွေကြောင့် သူမေ့သွားခဲ့တယ်။သူအားတဲ့အချိန် ဖုန်းကိုထုတ်ကာ wechatကိုဝင်ကြည့်လိုက်တယ်။

ဒါကဓာတ်ပုံတစ်ပုံပို့ထားတယ်ဖြစ်နေတယ်၊ ဓာတ်ပုံကိုမှ ဆန္ဒဖြစ်စေမယ့်ပုံပဲဖြစ်တယ်။ဓာတ်ပုံထဲမှ မိန်းကလေးက အောက်မှအပေါ်ကိုပင့်‌ရိုက်ထားတာဖြစ်တော့ သူမမျက်နှာက သနားစရာကောင်းကာ မကျေနပ်ချက်တွေပေါ်လွင်နေတယ်။ သူမမကျေနပ်တာကိုပေါ်လွင်စေဖို့လည်း နှုတ်ခမ်းဆူထားတာကြောင့် ဒါကအနမ်းတောင်းနေတာနဲ့တူနေတယ်။

ကျန်းမူဟန် ရေဆာလာသလိုခံစားရလာကာ
သူမနေနိုင်ပဲ သူ့လက်ကို‌ေမြှာက်ကာ နက်ခတိုင်ကြိုးအား အနည်းငယ်လျော့ချပြီး ကြယ်သီးအနည်းငယ်ဖြုတ်လိုက်တယ်။

မူဟွေတံခါးကိုတွန်းပြီးဝင်လာချိန် တိုက်တိုက်ဆိုင်ဆိုင် ဒီဟာကိုမြင်လိုက်ရတယ်။သူစိတ်အားတက်ကြွစွာ လေခွျန်ရင်း စနောက်လိုက်တယ်။
"အစ်ကိုဟန် နေ့အချိန်ကြီး ဘာလို့ကြယ်သီးတွေဖြုတ်နေတာလဲ? ဘာစိတ်တက်ကြွစရာတွေမင်းကြည့်နေတာလဲ? ငါကြည့်ဖို့လည်းပြပါဦးကွ"

အခန်းတွင်းလေထုအပူချိန်လျော့ကျလာတော့တယ်။ကျန်းမူဟန် မျက်လုံးပင့်ကာ မူဟွေကိုကြည့်လိုက်တယ်။
"အခန်းမဝင်ခင်တိုင်း တံခါးခေါက်ဖို့ မင်းကိုပြောထားတယ်ထင်တယ်"

"ငါသိပါတယ်။ ဒါပေမယ့် မင်းအခန်းက ဟစိစိနေတာနဲ့ ငါဝင်ချလာလိုက်တာလေ"
မူဟွေပြုံးကာပြောလိုက်တယ်။
"နောက်တစ်ခါ သေချာပေါက်ခေါက်ပါ့မယ်ကွာ"

သူသတိထားကာ ကျန်းမူဟန်နားလျှောက်သွားရင်း သူနဲ့မျက်နှာချင်းဆိုင် ခုံမှာထိုင်လိုက်တယ်။
"အစ်ကိုဟန်မင်းဘာတွေကြည့်နေတာလဲ? ဒီမှာပူနေသလိုပဲ။ မင်းကရေခဲတုံးလိုမျိူး လေအေးပေးစက်နဲ့ ရုပ်ရှင်ဘုရင်ကြီးလေကွာ။ဒါတောင်ပူနေတုန်းလား?"

ကျန်းမူဟန် မူဟွေပြောတာတွေကိုလျစ်လျူရှုနေလိုက်တယ်။သူတည်တည်ငြိမ်ငြိမ်ပဲ ရှန်းဝေရဲ့ ဓာတ်ပုံကိုသိမ်းလိုက်ကာ ဖုန်းကိုဘေးမှာထားလိုက်တယ်။
"မင်းမှာလုပ်စရာမရှိဘူးလား?"

 ထိမ်းမြားလက်ထပ်ခြင်း【MM Translation】Where stories live. Discover now