အပိုင်း(၁၇)

2.6K 192 1
                                    

ညဉ့်နက်ချိန်၊လရောင်ကသာယာကာ အလင်းရောင်လေးတွေက ခန်းဆီးလိုက်ကာမှဖြတ်ကျော်လာကာ ကျန်းမူဟန်ရဲ့မျက်နှာပေါ်ကို အလင်းပေါက်လေးအဖြစ်ဖျာကျလေတယ်။

သူ သူမပေါ်မှီလိုက်ကာ၊ သူမနဖူးပေါ်မယ် ချွေးစက်ကလေးတွေတင်ရှိနေပြီး တစ်ခါတစ်ရံ သူမမျက်နှာပေါ်ဆင်းကျလာတယ်။ရှန်းဝေ အိပ်ရာခင်းကို တင်းတင်းဆုပ်ကိုင်ကာ သူမအသံကအက်ကွဲကွဲနဲ့ ငိုကြွေးနေလေတယ်။

သူမမလုပ်ချင်ဘူး၊ ဒါပေမယ့်သူကသူမကိုမလွှတ်ပေးလေဘူး။

နောက်ဆုံးတော့ သူမဘယ်အချိန်မှာအိပ်ပျော်သွားလဲဆိုတာတောင်မသိလိုက်တော့ပါဘူး။သူမနေ့လယ်လောက်မှ ပြန်နိုးလာလေတော့တယ်။

သူမမျက်လုံးဖွင့်ကြည့်လို့ သူမဘေးဘယ်သူမှမမြင်တဲ့အခါမှာတော့ သူမစိတ်ဆိုးဆိုးကြိမ်ဆဲလိုက်ပါတယ်။
"လူအိုကြီး!"

စားပြီးတာနဲ့ ချက်ချင်းထွက်သွားတဲ့ လူရှုပ်လူပွေ!

ရလဒ်ကတော့ သူမကြိမ်ဆဲပြီးတာနဲ့ အခန်းတံခါးကပွင့်လာလေတယ်။ရှန်းဝေ ဗိုက်ဆာပြီးအားမရှိလှစွာ လှမ်းကြည့်မိလေတယ်။သူမအိမ်နေရင်ဝတ်စုံနဲ့သူ ဖြည်းဖြည်းချင်းဝင်လာတာကိုတွေ့လေတယ်။
" နိုးပြီလား?"

"ရှင်မထွက်‌သွားသေးဘူးပဲ?"သူမအသံထွက်လာတာနဲ့ သူမလည်ပင်းက အအေးမိနေမကောင်းတာကြောင့် ပူလောင်နေသလို မသက်သာလှလေဘူး။

ကျန်းမူဟန် မျက်မှောင်ကြှပ်လိုက်လေတယ်။
သူမကိုပြန်မဖြေခင် သူမအတွက် ရေနွေးနွေးလေးတစ်ခွက် ထည့်ပေးလိုက်လေတယ်။
"ဒီနေ့ကစနေ့‌နေလေ။ကိုယ်အားတယ်။ မင်းဘယ်သွားစရာရှိလဲ?"

ရှန်းဝေ သူမလက်နဲ့ခွက်ကိုယူပြီး တစ်ဝက်လောက်သောက်လိုက်တယ်၊ သူမကုတင်းခေါင်းရင်းကိုမှီချလိုက်ကာ မနေ့ကအချစ်လှိုင်းကြောင့် ရည်ဝေဝေဖြစ်နေတာမပျောက်သေးတဲ့ ဆွဲဆောင်မှုရှိတဲ့မျက်ဝန်းလေးနှင့်
"ရှင့်အိမ်ကိုပြန်လိုက်။"

"ကိုယ့်အိမ်?"ကျန်းမူဟန် ရှန်းဝေပြောတဲ့အတိုင်းရေရွတ်လိုက်ပြီး၊ သူ သူမပြောတာကို ချက်ချင်းမတုံ့ပြန်နိုင်တာက ရှားလေတယ်။

 ထိမ်းမြားလက်ထပ်ခြင်း【MM Translation】Where stories live. Discover now