အပိုင်း (၃၉)
ရှန်းဝေဆိုဖာပေါ်ထိုင်ရင်း ကျန်းမူဟန်ကိုကြည့်နေမိတယ်။သူမစိတ်ထဲဘာမှမရှိလေပဲ တုံ့ပြန်တာလည်းမရှိလေဘူး။
ကျန်းမူဟန်သူမကိုမတိုက်တွန်းလေပဲ ဒူးတစ်ဖက်ဆက်ဖောက်ကာ သူမဖြေလာမှာကိုစောင့်နေလေတယ်။
ရှန်းဝေပြန်ဖြေလာဖို့ဘယ်လောက်တောင်ကြာသွားလိုက်လဲမသိလေဘူး၊ သူမမျက်နှာနီရဲလာလေတော့တယ်။သူမလက်လေးအားသူ့အားဆန့်ထုတ်ပေးလိုက်ကာ"ဒါဆိုရှင်ဝတ်ပေး။"
ကျန်းမူဟန်ပြုံးလိုက်ကာ၊လက်စွပ်ကိုထုတ်လိုက်ပြီး၊ရှန်းဝေလက်ချောင်းလေးအား သေချာစွပ်ပေးလိုက်ပြီး၊သူမလက်ဖမိုးလေးအားနမ်းလိုက်လေတယ်။
နူးညံ့တဲ့အနမ်းလေးက အရေပြားကနေ သွေးထဲထိတိုးဝင်နေလေတယ်၊ပြီးနောက်တော့ နှလုံးထဲအထိပေါ့။ရှန်းဝေ သူမကိုယ်ထဲဖြတ်သွားနေတဲ့ လျှပ်စစ်ဓာတ်လေးအားခံစားနေမိတယ်။သူမတစ်ကိုယ်လုံးဟာထုံနေလေပြီး သူမလက်လေးအားနောက်ဆုတ်လိုက်လေမိတယ်။
ဒါပေမဲ့ကျန်းမူဟန်ကတော့မလွတ်ပေးလိုက်ပဲ သူ့လက်ထဲသူမအားဆွဲသွင်းလိုက်လေတယ်။
ရှန်းဝေမှာလန့်သွားကာအော်လိုက်မိတယ်။ကံကောင်းစွာနဲ့ ကျန်းမူဟန်က သူမအားသေချာထိန်းကိုင်ထားလေတယ်။
ရှန်းဝေ ကျန်းမူဟန်အားစိတ်ဆိုးဆိုးထုရိုက်လိုက်ကာ"ဘာလုပ်နေတာလဲ?လန့်သွားတာပဲ။"
"ကိုယ်မင်းကိုဒီလိုဖက်ထားချင်မိလို့ပါ။"ကျန်းမူဟန်ပြုံးနေလေတယ်၊၊
ရှန်းဝေသူ့ကိုကြည့်ရင်း သူမလည်းအပျော်တွေကူးစက်လာလေတယ်။သူမလည်းသူ့အတိုင်းလိုက်ပြုံးလိုက်လေတယ်။နှစ်ဦးသားတစ်ဦးကိုတစ်ဦးကြည့်ပြီး ပြုံးလိုက်ကြလေတယ်။တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ သူတို့ရောယှက်လာကြတယ်။သုံးရက်ကြာပြီးနောက်၊အံ့ဩသင့်စရာကောင်းတဲ့သတင်းတွေတစ်ခုပြီးတစ်ခုပေါ်ထွက်လာလေတယ်။#ကျန်းမူဟန်နဲ့ရှန်းဝေ မင်္ဂလာပွဲကျင်းပကြတော့မယ်တဲ့# ဒီသတင်းကနံပါတ်၁ရေုက်နေလေတယ်။
[ငါသွားမယ်။ဒီနှစ်ယောက် မင်္ဂလာပွဲကျင်းပမယ်ဟုတ်လား?မဖြစ်နိုင်တာကြီး!]
YOU ARE READING
ထိမ်းမြားလက်ထပ်ခြင်း【MM Translation】
Romanceအေးစက်စက်နိုင်တဲ့ ကျန်းမူဟန်နဲ့ ချစ်စရာကောင်းတဲ့ ရှန်းဝေတို့ရဲ့ ချိူမြိန်တဲ့ဇာတ်လမ်းလေးပါ။ ကျန်းမူဟန်နဲ့ ချစ်စရာကောင်းတဲ့ ရှန်းဝေတို့ရဲ့ ချိုမြိန်တဲ့ဇာတ်လမ်းလေးပါ။