အပိုင်း(၂၀)

2.5K 228 4
                                    

ရှန်းဝေရဲ့အနောက်တံခါးမှဝင်လာတာကို ည၆နာရီလောက်မှာ လူထုအမြင်ကနေ ပျောက်ကွယ်သွားလေတယ်။ရှန်းဝေက သူမကြော်ငြာရိုက်ကူးပြီးလို့ ပြန်လမ်းတစ်ဝက်ကိုရောက်နေပြီဖြစ်တယ်။

ကားပေါ်မှာ ရှောင်းထျန်က အရင်အော်လာလေတယ်။
"အစ်မဝေဝေ အစ်မအတိတ်ဆိုးတွေ ပြန်အဖော်ခံနေရပြန်ပြီ!ဒီမှာကြည့်ကြည့်!"

သူမဖုန်းကိုယူကာ ရှန်းဝေ မျက်နှာရှေ့ပြလာလိုက်တယ်။ရှန်းဝေမှာ လင်းထိန်နေတဲ့ဖုန်းအလင်းရောင်ကြောင့် စူးရှမှုကိုခံစား‌လိုက်ရတယ်။သူမ အကွာအဝေးပြန်ပြင်ထားလိုက်ကာ တည်ငြိမ်စွာမေးလာလေတယ်။
"ဘယ်လို အတိတ်ဆိုးမျိူးလဲ?"

"ကြည့်၊ကြည့်!"
ရှောင်ထျန်းက ဘာဆိုတာကိုမပြောလေပဲ ရှန်းဝေကိုယ်တိုင်ကြည့်ဖို့ကိုသာ တိုက်တွန်းနေလေတယ်။

ရှောင်းထျန်အော်သံကို ကျိူးရှင်းကြားတဲ့အချိန်၊သူမ ဦးဆောင်ကာ webioကိုဝင်ကြည့်လေတယ်။ရှေ့ခုံမှာထိုင်နေတာကြောင့် သူမမျက်နှာပျက်ပြီး နောက်လှည့်လာကာ
"လူတစ်ယောက်ယောက်က နင်နောက်တံခါးကဝင်လာတယ်ဆိုတာကို hot searchမှာပြန်ပေါ်အောင် အတိတ်ဆိုးတွေတမင်ပြန်တင်လိုက်တာပဲ။"

ကျိူးရှင်းဆက်ပြောနေစရာမလိုလေဘူး၊ ရှန်းဝေလည်း weiboက သတင်းကိုမြင်သွားလေပြီ။

#ရှန်းဝေ ဇာတ်ကောင်နေရာကို နောက်ခံအင်အားနဲ့ လုယူခြင်း

သူမမြင်ချိန်တုန်းက ဒီဟာက တတိယနေရာမှာဖြစ်နေလေတယ်၊ အခုကျချက်ချင်း ပထမနေရာကိုရောက်လာပြီး ထင်သာမြင်သာရှိနေစေပြီး ဖြတ်သွားဖြတ်လာတွေကော ကြည့်ရှုသူတွေကိုကောပါ ပြန်ဆွဲဆောင်နေလေတယ်။

တစ်ချက်ဝင်ကြည့်လိုက်တာနဲ့ water army တွေက သူမယောင်္ကျားနောက်ခံအင်အားနဲ့ ဖုယောင်လုရဲ့ မြေခွေးမိစ္ဆာနေရာရဖို့ ကြိုးစားခဲ့တာတွေကို water armyအဖွဲ့က တညီတညွှတ်ထဲပြောဆိုနေကြလေတယ်။ပြီးနောက် သူမမိတ်ကပ်ပြင်ဆင်ထားတဲ့ပုံနဲ့ ဆုယင်းရဲ့ မြေခွေးမိစ္ဆာနေရာအတွက် ပြင်ဆင်ဝတ်ဆင်ထားပုံကို နှိုင်းယှဉ်ကာတင်ပြထားလေတယ်။

မှတ်ချက်တွေမှာလည်း ဆုယင်းကထိုနေရာနဲ့လိုက်ဖက်ကြောင်း သူမကပိုမိုချောမောလှပကြောင်း ချီးကျူးထားတာတွေပဲဖြစ်လေတယ်။

 ထိမ်းမြားလက်ထပ်ခြင်း【MM Translation】Where stories live. Discover now