ကံကောင်းစွာနဲ့၊ ရှန်းဝေရိုက်ကူးရေးလုပ်ရမယ့်အခန်းက နေ့လယ်လောက်မှဖြစ်လေတယ်၊ မဟုတ်ရင်ကတော့ သူမမနက်ခင်းထနိုင်လေမှာမဟုတ်လေဘူး။
သူမနေ့လယ်လောက်အထိ ပျော့ခွေနေသေးလေတယ်။
ကျန်းမူဟန် ရှန်းဝေလက်ထောက်ဆီကနေ သူမအချိန်ဇယားကိုကြည့်ထားလေတာကြောင့် နေ့လယ်မှာသူမကိုနှိုးလိုက်လေတယ်။ရှန်းဝ်မှာ နားငြီးလေတာကြောင့် သူမလက်ကိုယမ်းပြလိုက်လေတယ်။
ကျန်းမူဟန် သတိရှိရှိရှောင်လိုက်တာကြောင့် သူမလက်သည်းနဲ့သာအနည်းငယ်ခြစ်မိသွားတယ်၊အိပ်ရာပေါ်အနည်းငယ်မှီချလာကာ၊သူ့လက်တံရှည်နဲ့သူမလက်ကိုဆွဲကာ ယမ်းခါလိုက်လေတယ်။"မစ္စကျန်း၊ မင်းရိုက်ရေးကူးအထွက် အခုပဲထတော့။"
ရှန်းဝေ "ဟမ်....."ဆိုတဲ့သံရှည်ဆွဲကာ အနည်းငယ်နိုးလာလေတယ်၊ ဒါပေမဲ့သူမအပြည့်အဝမနိုးသေးလေဘူး။
ကျန်းမူဟန် ဆက်နှိုးနေလေတယ်။ဆက်ကာဆက်ကာခေါ်ပြီးနောက်မှာတော့၊ သူမမျက်လုံးတဖြည်းဖြည်းချင်းပွင့်လာလေတယ်။"ဘယ်အချိန်ရှိပြီလဲ?"
ကျန်းမူဟန်"၁၂ကျော်နေပြီ။"
ဒါကိုကြားတော့၊ ရှန်းဝေနာကျင်နေတဲ့အသံလေးထွက်လာလေတယ်။သူမရဲ့ စောင်အောက်ကနာကျင်နေတဲ့ခါးကိုပွတ်ကာ အိမ်နေဝတ်နဲ့သူ့ကိုစိုက်ကြည့်လိုက်တယ်။"ဒါအကုန်ရှင့်အမှားပဲ။"
"ဟုတ်တယ်၊ဟုတ်တယ်၊ဟုတ်တယ်၊ ဒါအကုန် ကိုယ့်အမှားပါ။ကိုယ်မင်းထဖို့ကူပေးရမလား?"ကျန်းမူဟန် သူ့အမှားသိလေတာကြောင့် သူမနားနား တိုးတိုးကပ်ပြောလိုက်လေတယ်။
ရှန်းဝေ မျက်ဝန်းဘေးနားလေးမှာ ညှို့ဓာတ်အနည်းငယ်ကျန်ရှိနေသေးလေတယ်၊သူမ သိမ်မွေ့စွာပြောလာလေတယ်။
"ဒါဆို ဘာလို့အမြန်မလုပ်သေးတာလဲ?"နွေးဦးညလေးတစ်ညအပြီးမှာတော့၊ ကျန်းမူဟန်မျက်နှာက အားရကျေနပ်မှုအနည်းငယ်ပေါ်လွင်နေလေတယ်၊ဒါကြောင့် သူရှန်းဝေအပေါ်အတော်ညင်သာလေတယ်။သူ သူမမျက်နှာသစ်သွားတိုက်ရန်သေချာပြင်ဆင်ပေးပြီးနောက် သူမစားရန်အတွက် ပေါ့ပါးတဲ့အစားအစာကိုလည်းပြင်ဆင်ပေးထားလေတယ်။
YOU ARE READING
ထိမ်းမြားလက်ထပ်ခြင်း【MM Translation】
Romanceအေးစက်စက်နိုင်တဲ့ ကျန်းမူဟန်နဲ့ ချစ်စရာကောင်းတဲ့ ရှန်းဝေတို့ရဲ့ ချိူမြိန်တဲ့ဇာတ်လမ်းလေးပါ။ ကျန်းမူဟန်နဲ့ ချစ်စရာကောင်းတဲ့ ရှန်းဝေတို့ရဲ့ ချိုမြိန်တဲ့ဇာတ်လမ်းလေးပါ။