အပိုင်း(၁၂)

2.5K 212 3
                                    

ရှန်းဝေ မှတ်မိသလောက်ဆို သူမနဲ့ကျန်းမိသာစုအပြင် ကျန်းမူဟန်ကို မူဟန်လို့ခေါ်တဲ့သူသိပ်မရှိလှဘူး၊မစ္စတာကျန်း ဒါမှမဟုတ် ဆရာကျန်းလို့ခေါ်ကြတာများတယ်။

တရားဝင်ဇနီးဖြစ်တဲ့သူမတောင် သူ့အား မူဟန်လို့မခေါ်ဖူးဘူး။

မျိူးရိုးနာမည်ဖယ်ပြီး ခေါ်တာမျိူးက တအားကိုရင်းနှီးမှသာဖြစ်တယ်။လူကြီးတွေအတွက်ကလွဲပြီးပေါ့။ ဆန့်ကျင်ဘက်လိင်အမျိူးအစားသူကို တရင်းတနှီးခေါ်ဖို့ကရှားတယ်။

ဒါပေမယ့် အခုစင်‌ေပါ်မှာရပ်ပြီးရုတ်တရက်‌ကြီးပေါ်လာတဲ့အမျိူးသမီးက ဒီလိုတရင်းတနှီးခေါ်တာက‌တော့။

အရှိအတိုင်းပြောရရင် အခုရှန်းဝေ ရှုပ်ထွေးနေတယ်လို့ခံစားနေရတယ်။

ဒီမှာရှိနေတဲ့လူအားလုံးကလည်း သူမလိုခံစားနေကြရတယ်။ပွဲအတွင်းလုံးဝတိတ်ဆိတ်သွားတာက နွေဥတုကရုတ်တရက်ရောက်ချလာသလိုပဲ။ခဏလောက်ကြာတော့ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြတယ်။တစ်ခန်းလုံး စမ်းချောင်းထဲ‌မျောပါသွားသလို၊လူတွေအားလုံး လျင်မြန်စွာ သူမကိုလှည့်ကြည့်လာကြတယ်။

အကုန်လုံးက စင်ပေါ်မှာရှိနေတဲ့သူနဲ့ရှန်းဝေအမျိူးသားတို့အကြောင်း သိချင်နေကြတာရယ် တရားဝင်ဇနီးဖြစ်တဲ့သူမကဘယ်လိုတုန့်ပြန်လာမလဲ သိချင်‌ေနကြတာဖြစ်တယ်။

ရှန်းဝေ သူမကိုယ်သူမတွေ‌း‌ေနမိလိုက်တယ်၊ငါတစ်ခုခုဖြစ်မယ်လို့ နင်တို့ဘာလို့တွေးနေကြတာလဲ?ငါကိုယ်တိုင်တောင် သူတို့ဆက်ဆံရေးမသိတာကြီးကို!

စိတ်ရှုပ်ထွေးပြီးနောက်မှာ အဓိကနေရာမှာရှိတဲ့ ကျန်းမူဟန်ကိုလှမ်းကြည့်လိုက်တယ်။သူမ သူထိုအမျိူးသမီးကိုဘယ်လိုတုန့်ပြန်မလဲဆိုတာ စောင့်ကြည့်နေလိုက်တယ်။

ရှင်းပြနေစရာမလိုတာတစ်ခုကတော့ ရှန်းဝေ လန်ရှင်းယန်က ဆုယင်းကပိုပြီး အမြင်ဖမ်းစားနိုင်တယ်လို့ တွေးနေမိတယ်။

အဓိကစားပွဲမှာထိုင်နေတဲ့သူတွေကော လူတွေအားလုံးကလည်းကျန်းမူဟန် ဘယ်လိုပြန်ဖြေမလဲ စောင့်နေကြတယ်၊ စင်ပေါ်သွားတက် တစ်ဦးနဲ့တစ်ဦးနှုတ်ဆက်နေကြမှာလား?

 ထိမ်းမြားလက်ထပ်ခြင်း【MM Translation】Where stories live. Discover now