နှစ်ဦးသားအပြင်မှာ အချိန်အကြာကြီးမနေလေဘူး၊နှစ်ဦးလုံးက သရုပ်ဆောင်တွေဖြစ်လေတာကြောင့် သူတို့အားလူရိပ်မိသွားမှာကိုစိုးရိမ်ရလေတယ်၊ရိပ်မိသွားတာသာခံရမယ်ဆိုရင် အတော်ကိုဒုက္ခရောက်မှာဖြစ်လေတယ်။
သူတို့ပြန်ကြချိန်၊ နှင်းကျလာလေတယ်။ရှန်းဝေ သူမလက်ဖဝါးလေးကို အံ့အားသင့်စွာဖြန့်လိုက်ပြီး
"Hubbyကြည့်ပါဦး နှင်းကြနေပြီ။"ကျန်းမူဟန် သူမကျန်လက်တစ်ဖက်ကိုကိုင်ကာ သူမလက်ဖဝါးထဲမှနှင်းစက်ကလေးကိုကြည့်နေလိုက်တယ်။"ဒါဆို မင်းနည်းနည်းလောက်လမ်းလျှောက်ကြည့်ချင်သေးလား?"
ရှန်းဝေချက်ချင်းခေါင်းညိတ်ပြလာကာ"ဒါပေါ့ ကျွန်မကြည့်ချင်တယ်။ကျွန်မ နှင်းကျချိန်အကြိုက်ဆုံးပဲ။"
"ဒါဆိုသွားကြတာပေါ့။"ကျန်းမူဟန် လူအနည်းငယ်ပဲရှ်ိတဲ့နေရာကို သူမအားခေါ်သွားလေတယ်။
နှင်းကျနေတာကြောင့်၊ လမ်းပေါ်မှခရီးသွားသူတွေအတော်စိတ်လှုပ်ရှားနေတာကြောင့် ဆူညံ့သံကနေရာအနှံ့အပြားမှာပဲ။ရှန်းဝေ ကျန်းမူဟန်လက်ကိုကိုင်ကာ သူ့အားကြည့်လိုက်တယ်။
"ခရစ္စမတ်ဆိုတော့ ကျွန်မတို့ ပန်းသီးနှစ်လုံးလောက်တယ်ကြမလား?""မနေ့ကပန်းသီးစားပြီးပြီးမဟုတ်ဘူးလား?"ကျန်းမူဟန် သူမအားစနောက်လာလေတယ်။
ရှန်းဝေနှုတ်ခမ်းဆူကာ"ဒီနေ့လည်းစားလို့ရတာပဲ။နောက်တစ်နေ့ထပ်မစားရဘူးလို့ ဘယ်သူကပြောထားလို့လဲ!"
"အိုကေ၊ မင်းအလိုအတိုင်းပါပဲ။"
ပန်းသီးရောင်းသူတွေ လမ်းပေါ်မှာအများကြီးရှိလေတယ်။ရှန်းဝေ လှလှပပထုတ်ပိုးထားတဲ့ ပန်းသီးနှစ်လုံးအားရွေးလိုက်လေတယ်။သူတို့ဝယ်ပြီးနောက် ပြန်သယ်လာလိုက်တယ်။န၍်ျးကပိုပိုကျလာလေတယ်။အတော်ကြာထိတွေ့ပြီးနောက်မှာတော့၊ သူတို့အဝတ်တွေလည်းစိုသွားလေတယ်။
"မစ္စတာကျန်း ရှင်ဒီနေ့ပြန်မှာလား?"အပြန်လမ်းမှာ ရှန်းဝေ သူနဲ့စကားပြောလာလေတယ်။
ကျန်းမူဟန် ရှန်းဝေလက်ကလေးအားအနည်းငယ်ဖိလိုက်ကာ"နှင်းတွေအသည်းအသန်ကျနေတာပဲ။မင်းဘယ်လိုထင်လဲ?"
YOU ARE READING
ထိမ်းမြားလက်ထပ်ခြင်း【MM Translation】
Romanceအေးစက်စက်နိုင်တဲ့ ကျန်းမူဟန်နဲ့ ချစ်စရာကောင်းတဲ့ ရှန်းဝေတို့ရဲ့ ချိူမြိန်တဲ့ဇာတ်လမ်းလေးပါ။ ကျန်းမူဟန်နဲ့ ချစ်စရာကောင်းတဲ့ ရှန်းဝေတို့ရဲ့ ချိုမြိန်တဲ့ဇာတ်လမ်းလေးပါ။