အပိုင်း (၃၃)
ကျန်းမူဟန် ရိုးရှင်းတဲ့ဖွင့်ပြောစကားက သူမကိုကြောင်အသွားစေလေတယ်။သူမနေမကောင်းတာကြောင့်၊ စိတ်ရှုပ်ထွေးပြီးကြားတာဖြစ်မယ်လို့ တွေးနေမိလေတယ်။
သူမ မသေချာစွာပြန်မေးလာလိုက်လေတယ်။"ရှက်အစောကဘာပြောလိုက်တာလဲ?"
ကျန်းမူဟန် ပွင့်ပွင့်လင်းလင်းပြန်ပြောလာလေတယ်။"ကိုယ်ပြောတာက ကိုယ်မင်းကိုချစ်တယ်လို့။"
ပြောပြီးနောက်မှာတော့၊ သူ သူမရဲ့မျက်နှာဖြူဖြူဖျော့ဖျော့လေးကို ဖွဖွလေးထိလာလေတယ်။
ရှန်းဝေရှက်သွေးဖြာလာလေတယ်၊သူမမျက်ဝန်းထောင့်တွေကအနည်းငယ်နီလာကာ သူမအသံတိုးတိုးလေးနဲ့ညင်ညင်သာသာပြောလာလေတယ်။"ဘာကိုဆိုလိုချင်တာလဲ?"
"မင်းဘယ်လိုထင်လဲ?"ကျန်းမူဟန် သူမအားအကြပ်ရိုက်လိုက်လေတယ်။ရှန်းဝေ သူမရှောင်ပြေးချင်ရင်တောင်မှ ရှောင်ပြေးရန်နေရာရှာမတွေ့လေတော့ဘူး။သူမစိတ်ထဲပေါ်လာတာဆိုလို့ အတွေးတစ်ခုထဲသာရှိနေလေတယ်။
ကျန်းမူဟန် သူမကိုသဘောကျတယ်။
သူဖွင့်ပြောနေတာပဲ။
ဒါပေမဲ့ဘာလို့လဲ?ဘယ်အချိန်ကစတာလဲ?
ရှန်းဝေမေးချင်မိပေမဲ့ သူမမေးရမှာကိုကြောက်နေလေတယ်။သူမထပ်တွေးကြည့်လိုက်တော့၊ သူမကိုယ်ကိုစောင်ထဲဝှက်လိုက်လေတယ်။သူမရဲ့မျက်ဝန်းလှလှလေးတွေသာဖော်ထုတ်ကာ သူမသူ့ကိုကြည့်ရင်း"ကျွန်မအိပ်တော့မယ်။ ရှင်လည်းပြန်နားလိုက်တော့။အိပ်ရာဘေးတစ်ချိန်လုံးစောင့်ပေးနေစရာမလိုဘူး။"
ကျန်းမူဟန် သူမရှောင်ပြေးချင်နေတာကိုမြင်တော့ သူထပ်ပြီးပြောလာလိုက်လေတယ်။"ကိုယ်ပြောတာကို သံသယဝင်ဖို့မလိုဘူး။ကိုယ်ပြောတာက မင်းစိတ်ထဲတွေးနေတဲ့အတိုင်းပဲ။"
"အာ?ကျွန်မစိတ်ထဲတွေးနေတာတစ်ခုမှမရှိပါဘူးနော်။"ရှန်းဝေဘာမှမတွေးပဲပြန်ဖြေလာလေတယ်။
ကျန်းမူဟန် ပြုံးကာ သူမနားနားတဖြည်းဖြညး်ချင်းတိုးလာကာ"အဲ့လိုလား?ဒါဆိုကိုယ့်ဘာသာထပ်ပြောရတာပေါ့။ကိုယ်မင်းကိုချစ်တယ်၊...ဒါကြောင့်...ကိုယ်မင်းကိုသဘောကျတယ်။"
YOU ARE READING
ထိမ်းမြားလက်ထပ်ခြင်း【MM Translation】
Romanceအေးစက်စက်နိုင်တဲ့ ကျန်းမူဟန်နဲ့ ချစ်စရာကောင်းတဲ့ ရှန်းဝေတို့ရဲ့ ချိူမြိန်တဲ့ဇာတ်လမ်းလေးပါ။ ကျန်းမူဟန်နဲ့ ချစ်စရာကောင်းတဲ့ ရှန်းဝေတို့ရဲ့ ချိုမြိန်တဲ့ဇာတ်လမ်းလေးပါ။