အပိုင်း(၃၈)

2.5K 201 5
                                    

အပိုင်း (၃၈)

ကျန်းမူဟန်နဲ့ရှန်းဝေတို့ရဲ့သတင်းတွေဟာ အခုတလောမကြာခဏထွက်ပေါ်လာတတ်တယ်။အရင်အတိတ်တုန်းကတော့၊အတုအယောင်စုံတွဲအဖြစ် အနုပညာအသိုင်းအဝိုင်းမှာနာမည်ကြီးလေတယ်။သို့ပေမဲ့နောက်ပိုင်းသူတို့ဆက်ဆံ‌ေရး‌ေပြာင်းလဲလာ‌ေကြာင်း မကြာခဏသတင်းတွေထွက်လာတတ်တယ်။ပရိတ်သတ်တွေက သူတို့ဆက်ဆံရေးကောင်းလာပြီလို့ထင်မှတ်နေကြပြီဖြစ်လေတယ်။

အတုအယောင်CP fansတွေတောင်တဖြည်းဖြည်းပေါ်ထွက်လာခဲ့ပြီ။

ဒါပေမဲ့ဒီနေ့မှ‌ာတော့ ကျန်းမူဟန်ကိုဘယ်ကမှန်းမသိတဲ့မိန်းကလေးနဲ့သတင်းထွက်လာတယ်တဲ့။အင်တာနက်ပေါ်မှာ ဗုံးတစ်ခုပေါက်ထွက်သွားသလို အုံကြွလာလေတယ်။ marketing accountတွေကလည်းတညီတညွှတ်ထဲ အကောင်းဆုံးသရုပ်ဆောင်တစ်ယောက်ဖောက်ပြန်နေပြီလို့ပြောလာကြလေတယ်။

ရှန်းဝေပရိတ်သတ်တွေလည်းအတော်ထုနက်ခံရ‌နေလေတယ်။

Anti-fansတွေ တက်ကြွနေကြပြီလေ။

[ဟားဟားဟား၊ ငါမကြာခင်ရှန်းဝေသေချာပေါက် စွန့်ပစ်ခံရမယ်လို့ပြောနေတာလေ!ကျန်းမူဟန်က နင်တတ်နိုင်တဲ့သူလား?]

[သူတို့အတုယောင်တွေပဲဆိုတာငါသိနေတာကြာလှနေပြီနော်။]

[သူတို့ကွယ်ရာမှာကွာရှင်းထားတာကြာပြီဆိုတာငါသေချာသိနေတယ်။အချိူ့ချစ်ကြည်နူးပြနေတဲ့ဓာတ်ပုံတွေက သူတို့ပိုင်ဆိုင်မှုမခွဲဝေရသေးလို့ပဲဖြစ်ရမယ်။]

[ရှန်းဝေ အိုလာမှဒုတိယအကြိမ်ထပ်လက်ထပ်ရမယ့် အမျိူးသမီးဖြစ်လာလိမ့်မယ်။ဂုဏ်ယူပါတယ်၊နင်နဲ့ထိုက်တန်တာမို့လေ။]

ထင်ချင်တာထင်ကုန်ကြတဲ့ ပရိတ်သတ်တွေရဲ့စိတ်ကတော့တကယ်ကိုကြီးမားလွန်းပါတယ်၊ ဒါပေမဲ့ကျန်းမူဟန်ကတော့ ဒါတွေကိုလုံးဝဂရုမစိုက်နေပါဘူး။ကျိူးရှင်းနဲ့လီရှောင်းဟွေတောင် သူတို့လုပ်စရာရှိရာကိုသာလုပ်ကြပြီး ဒီကိစ္စကိုအရေးထာမနေလေဘူး။

ဘာပြောပြောနားထောင်မှာမဟုတ်တဲ့သူတွေကို ဘာကြောင့်များလေကုန်ခံရှင်းပြနေရမှာလဲ?

 ထိမ်းမြားလက်ထပ်ခြင်း【MM Translation】Where stories live. Discover now