အပိုင်း(၁၉)

2.4K 203 3
                                    

အပိုင်း(၁၉)

ရှန်းဝေ လူရွေးပွဲရဲ့ရလဒ္ကို နောက်သုံးရက်နေတော့သိလိုက်ရတယ်။မျှော်လင့်ထားသလို သူမအောင်မြင်ပါတယ်။ရိုက်ကူးရေးက မနက်ခင်း၁၀နာရီမှာ မြေခွေးမိစ္ဆာနေရာက သူမသရုပ်ဆောင်မယ်ဖြစ်ကြောင်း ကြော်ငြာလေတယ်။

ရှန်းဝေ အဲ့အချိန်က ကြော်ငြာတံဆိပ်တစ်ခုရဲ့ ထုတ်ကုန်သစ်ကို ရိုက်ကူးနေတာဖြစ်တယ်၊ ထို့ကြောင့် ကျိူးရှင်းက ပြန်လည်မျှဝေတာကိုတာဝန်ယူရလေတယ်။

ပြန်ချိန် လမ်းတစ်ဝက်နေမှ သူမအားပြောလာလေတယ်။

ရှောင်းထျန်က သူမဘေးထိုင်ကာ စိတ်လှုပ်ရှားနေတယ်။
"အစ်မဝေဝေ၊ ပရိတ်သတ်တွေက အစ်မသရုပ်ဆောင်မယ့်ဒီနေရာအတွက် အကောင်းမြင်ကြတယ်၊ ပရိတ်သတ်တွေအကုန် လှုပ်လှုပ်ရှားရှားဖြစ်‌ေနကြတယ်။"

ရှန်းဝေ ကျိူးရှင်းဖုန်းယူကာ သူမကြည့်ကြည့်လိုက်တယ်။မျက်နှာပြင်မှာ official blogကတင်ထားတာက မိတ်ကပ်ပြင်ဆင်ပြီးရိုက်ကူးထားတာဖြစ်တယ်- ဝတ်စုံက သူမလူရွေးပွဲမှာဝတ်ဆင်တဲ့ဝတ်စုံနဲ့ဖြစ်လေတယ်။သန့်စင်တဲ့ဝတ်စုံက သူမမရဲ့မျက်ဝန်းထဲက ရက်စက်ယုတ်မာမှုနဲ့ ဆွဲဆောင်မှုရှိမှုကို မဖုံးကွယ်နိုင်လေဘူး၊ဒါကမြေခွေးမိစ္ဆာရဲ့နေရာနဲ့လည်း အံဝင်ခွင်ကျဖြစ်လှတယ်၊ အရင်သရုပ်ဆောင်ထက် ပိုသင့်တော်ကြောင့်ကိုလည်းမြင်နိုင်လေတယ်။

များသောအားဖြင့် ဒီလိုမျိူးလူစားထိုးရင် ပြဿနာဖြစ်တာက ဖြစ်လေကြဖြစ်လေတယ်။ရှန်းဝေပရိတ်သတ်တွေ နောက်ဖြစ်လာမယ့်တိုက်ပွဲတွေအတွက် စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီးဖြစ်လေတယ်။တစ်ချိန်တည်းမှာလည်း သူတို့idolကောင်းကောင်းသရုပ်မဆောင်နိုင်မှာလေ စိတ်ပူမိလေတယ်။သူမမိတ်ကပ်ဓာတ်ပုံထွက်လာပြီးနောက်မှာတော့ သူတို့စိတ်ပူစရာမရှိတော့ကာ ထိုအစားသူတို့သဘောကျကြောင်းနဲ့ မျှော်လင့်နေကြောင်း စိတ်လှုပ်ရှားစွာ‌ေပြာလာကြလေတယ်။

[အစ်မဝေဝေကအရမ်းလှတာပဲ!ကြည့်ရဖို့ကိုမစောင့်နိုင်တော့ဘူး။]

[တို့အစ်မအရမ်းလှတာပဲ။အစ်မဝေဝေ ရက်စက်ကြမ်းတမ်းတာမလုပ်နိုင်မှာကိုစိုးကိမ်နေခဲ့တာ အခုတော့ တို့အစ်မဆီမှာပဲလဲကျချင်မိတယ်။]

 ထိမ်းမြားလက်ထပ်ခြင်း【MM Translation】Where stories live. Discover now