အပိုင်း(၃၇)

2.4K 196 1
                                    

အပိုင်း (၃၇)

ခေါင်းစဉ်ကိုဖတ်ကြည့်အပြီးမှာတော့၊ရှန်းဝေတိတတိတ်လေးပြောလာလေတယ်။"ဒီလူတွေဘယ်အချိန်ကတည်းကချောင်းနေကြတာလဲ?ကျွန်မရှင့်ကိုတစ်ခုခုကျွေးလိုက်တာပဲရှိသေးတယ်။ဒါတောင်သူတို့ရိုက်နေကြသေးတယ်ပေါ့?"

ကျန်းမူဟန်"agentတေါလိုပဲ mediaကလည်းနေရုအနှံ့ရှိနေတာလေ။ပြီးတေယ့ ရိုက်ကူးရေးမြို့တော်ဆိုတော့ ပိုပြီး ပါပါရာဇီတွေများတာပေါ့။"

"ဟုတ်တယ်၊ရှင်ပြောတာမှန်တယ်။"ရှန်းဝေသူမဖုန်းအားကြည့်ကာ"ဒါဆို ကျွန်မတို့ဂရုမစိုက်ပဲထားလိုက်တာပေါ့။"

"အဆိုးလည်းမဟုတ်တော့၊ဒီအတိုင်းထားလိုက်တာပေါ့။"ကျန်းမူဟန် ဒီသတင်းနဲ့ပတ်သတ်ပြီးမှားနေတယ်လို့မထင်လေဘူး၊ဒါကြောင့် သူတို့ဂရုမစိုက်ပဲထားထားလိုက်ကြလေတယ်။

အခုသူတို့ကပုံမှန်စုံတွဲတွေလိုဖြစ်နေပြီ‌ဖြစ်တာကြောင့်၊ သူတို့ချစ်ကြည်နူးကြရင်တောင်ဒါကသာမန်သာဖြစ်လေတယ်။

ရိုက်ကူးရေးပြီးသွားတဲ့နောက်၊ရှန်းဝေ အစီစဉ်တစ်ခုခုမှာပါဝင်ရိုက်ကူးရန်ပ်ြငဆင်လေတယ်။ variety showစတင်ရိုက်ကူးမယ့်နေ့အထိ၊သူမ နေ့တိုင်းအလုပ်တွေနဲ့မအားမလပ်ဖြစ်နေလေတယ်။ကျန်းမူဟန်လည်းရုပ်ရှင်ရိုက်ကူးရေးတစ်ခုစတင်နေပြီဖြစ်လေတယ်။

မျက်တောင်တဖြတ်အတွင်းမှာပဲ၊နှစ်လကျော်လွန်သွားခဲ့ပြီလေ၊ရာသီဉတုကလည်းတဖြည်းဖြည်းချင်းနွေးလာလေပြီ၊ ထို့နောက် ပန်းရာချီကျော်ပွင့်လန်းလာလေတော့တယ်။

မစ္စတာကျန်းကတော့ရိုက်ကူးရေးနဲ့အလုပ်များနေပေမဲ့၊ ရှန်းဝေကတော့အနည်းငယ်အားလပ်နေလေတယ်။သူမ အခုတလော variety showရိုက်ကူးရေးမှာ ပါဝင်ထားတာဖြစ်လေတယ်။

ရိုက်ကူးပြီးတဲ့နောက်မှာတော့၊ကျိူးရှင်းရုတ်တရက်ကြီးပြောလာတယ်။"မစ္စတာကျန်းလည်း ဒီမြို့မှာပဲရိုက်ကူးနေတယ်ထင်တယ်။ဝေဝေ နင်သွားမလည်ကြည့်ချင်ဘူးလား?"

"ဒါပေါ့၊ကျွန်မသွားမှာလေ။"ရှန်းဝေဘာမှမပြောရသေးခင်မှာပဲ ရှောင်းထျန်ဝင်ပြောလာလေတယ်။

 ထိမ်းမြားလက်ထပ်ခြင်း【MM Translation】Where stories live. Discover now