အပိုင်း(၃၁)

2.1K 177 1
                                    

အပိုင်း(၃၁)

ကျန်းမူဟန် ရှန်းဝေရဲ့ဒူးမှဒဏ်ရာကိုမြင်လိုက်တဲ့အခါ၊ သူတစ်ကိုယ်လုံးတောင့်တင်းသွားလေတယ်။သူ့မျက်ဝန်းတွေက ခက်ထန်သွားကာ သူချက်ချင်း video callခေါ်လိုက်လေ၏။

ရှန်းဝေ သူမျက်ဝန်းတွေ မျက်ရည်ဝိုင်းလာအောင် တမင်ပြင်ဆင်ပြီးမှ ကိုင်လိုက်လေ၏။မျက်ရည်ဝိုင်းနေတဲ့ မက်မွန်ပွင့်လိုသူမမျက်ဝန်းတွေက သူ့ကိုသနားစဖွယ်ကြည့်ကာ"hubby အတော်နာတာပဲ။"

ကျန်းမူဟန်မျက်မှောင်ကြှုပ်လိုက်တယ်။"ရိုက်ကူးရေးက ထိခိုက်တာလား?"

"ဟုတ်တယ်။"ရှန်းဝေ နှာချူံ့လိုက်ကာ၊သူမ ကလေးတစ်ယောက်က အရစ်တက်နေသလိုမျိူးပြောဆိုလာလေတယ်။"ဒီနေ့ရိုက်ကူးရတာက horrorပုံစံလေ။အဲ့တုန်းက zombieခုန်ထွက်လာတုန်းက ကျွန်မသေလောက်အာင်လန့်သွားတာပဲ။ကျွန်မအော်ရင် ခြေချော်ပြီးလဲသွားတာ။အရမ်းနာတာပဲ။"

"မင်း horrorတွေကိုကြောက်တာသိရဲ့သားနဲ့၊ ဘာလို့ပါနေသေးလဲ?နောက်တ်ခါ ဒီလိုအန္တရာယ်များတဲ့ ရိုက်ကူးရေးတွေကိုမပါနဲ့။"ကျန်းမူဟန် မျက်ခုံးတွေ့ဟာလည်းတွန့်လိမ်နေလေတယ်၊ သူ့မျက်ဝန်းနက်တွေက ရှန်းဝေရဲ့ဒူးခေါင်းကိုသာ သေချာစိုက်ကြည့်နေလေတယ်။

"ချင်းယန်လည်းအတူတူပါတယ်။ကျွန်မတို့အတူတူလာကြတာ။ ဟန်နီ အနာကိုမှုတ်ပေး။"

ကျန်းမူဟန် သူ့မျက်ခုံးကိုနှိပ်နယ်လိုက်ကာ မတတ်သာစွာပြောလာလေတယ်။"ကိုယ်မှမင်းအနားမှာမဟုတ်တာ။ ဘယ်လိုလုပ်လေမှုတ်ပေးနိုင်မှာလဲ?"

ရှန်းဝေ သူမရဲ့မျက်တောင်ကော့တွေကို တဖြတ်ဖြတ်ခပ်လိုက်ကာ၊ ညစ်တိကျတဲ့အကြံလေးသူမမျက်ဝန်းထဲဖြတ်ပြေးသွားလေတယ်။"ကင်မရာရှေ့ကနေပဲ ရှင်လေမ‌ှုတ်ပေးလေ။ကျွန်မအရှေ့တိုးလာပေးရမလား?"

ကျန်းမူဟန်"..."

သူမ သူ့ကိုနောက်ပြောင်နေတယ်ဆိုတာ ဘယ်လိုလုပ်သူမသိပဲနေမှာလဲ?ကျန်းမူဟန် ရယ်ကာပြောလာတယ်။"မစ္စကျန်း၊ မင်းIQက သုံးနှစ်အရွယ်လောက်ပဲရှိတယ်ထင်နေလား?"

ကျန်းမူဟန် သူမညစ်တီးကျတာတွေဖြတ်မြင်သွားတာကို ရှန်းဝေသိလိုက်တော့၊ ရှန်းဝေသူမနှုတ်ခမ်းဆူကာ ကျန်းမူဟန်အားစိတ်ဆိုးဟန်ဆောင်ကာပြောလာလေတယ်။"မစ္စတယကျန်းက တကယ်ကိုသွေးအေးတဲ့သူပဲ။သူ့ဇနီး ဒီလိုဖြစ်နေချိန်တောင် သူရယ်နိုင်သေးတယ်ပေါ့။ဟမ်၊ ရှင်ကျွန်မအတွက်စိတ်မကောင်းဖြစ်အောင် ကျွန်မကဆေးရုံမှာလဲှနေပေးရမှာလား?"

 ထိမ်းမြားလက်ထပ်ခြင်း【MM Translation】Where stories live. Discover now