အပိုင်း(၁၈)

2.5K 221 10
                                    

လန်ရှန်းယန်!

ရှန်းဝေ သူမစိတ်ထဲခန့်မှန်းမိပေမယ့်လည်း သူမကိုယ်တိုင်မြင်ရတော့ မအံ့ပဲမနေနိုင်ပါဘူး။တစ်ချိန်တည်းမှာပဲ သူမပြောမယ့်စကားတွေကို ဖြတ်ပြောခံလိုက်ရတာကြောင့် သူမမပျော်ပါလေဘူး။

ဒီမိန်းမက ဆုယင်းထက်တောင် အရေပြားထူတယ်၊သူမယောင်္ကျားကုမ္ပဏီအထိတောင် လာပြီးမြူဆွယ်ရဲတယ်။

သူမက တရားဝင်ဇနီးကိုတောင် မျက်လုံးထဲမထည့်ဘူးပဲ!

ရှန်းဝေ သူမနောက်က သူမကိုမြင်ပြီးအံ့ဩနေတဲ့လန်ရှန်းယန်ဘက်ကိုလှည့်ကြည့်လာလိုက်ပြီး ရှန်းဝေပြုံးကာ
"မိန်းကလေးလန်၊ ဘယ်လောက်တောင်တိုက်ဆိုင်လိုက်သလဲ။"

လန်ရှန်းယန် သူမတံခါးအပြင်မှာရှိနေတယ်ဆိုတာကို လုံးဝမသိတဲ့ပုံပါပဲ။တစ်ခဏလောက်အံ့ဩပြီးနောက် လန်ရှန်းယန်ပြောလာတယ်။
"တိုက်ဆိုင်လိုက်တာ၊ ရှင့်ကိုဒီမှာတွေ့ရမယ်လို့ ကျွန်မမထင်ထားမိလိုက်ဘူး။"

နှုတ်ဆက်ပြီးတာနဲ့ နှစ်ဦးလုံး ကျန်းမူဟန်ကို ကြည့်လိုက်ကြတယ်။

မိန်းမချောလေးနှစ်ဦးသူ့ကိုကြည့်နေပြီး၊ တစ်ယောက်ကတရားဝင်ဇနီးဖြစ်ပြီး တစ်ဦးကတော့ဘယ်သူမှန်းမသိတဲ့တစ်ယောက်ဖြစ်လေတယ်။မိန်းကလေးအတွင်းရေးမှူးက ကျန်းမူဟန်ကိုအားနာနေမိလေတယ်။

ဒီလိုအခြေအနေမှာ မစ္စတာကျန်း အဆင်ပြေလောက်ပါ့မလား?

အတွင်းရေးမှူးက စိတ်ထဲစပ်စုချင်နေမိပေမယ့် မျက်နှာအမူအယာကတော့ အလေးအနက်အတိုင်းသာရှိနေလေတယ်။လူကောင်းလေးမစ္စတာကျန်းကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ၊ သူ့မျက်နှာကတစ်ချက်တောင်မပြောင်းလဲသွားပါဘူး။သူက သူ့နောက်ကကုမ္ပဏီအရာရှိတွေကိုတောင် သွားလို့ရပြီဖြစ်ကြောင်း လှည့်ပြောလိုက်ပါသေးတယ်။

အဲ့ဒီ့အရာရှိတွေကလည်း အတင်းတုပ်ချင်နေကြပေမယ့်၊ သူတို့အလုပ်ကလည်းအရေးကြီးတာကြောင့် သူတို့ ဓာတ်လှေကားပေါ်တက်ကာ အောက်ထပ်ကိုလိမ္လိမ်မာမာဆင်းလာကြတယ်။ဒါကိုမြင်တဲ့ အမျိုးသမီးအတွင်းရေးမှူးကလည်း လစ်ထွက်သွားလေတယ်။

 ထိမ်းမြားလက်ထပ်ခြင်း【MM Translation】Where stories live. Discover now