အပိုင်း(၉)

2.7K 216 2
                                    

နောက်တနေ့မှာတော့ မိုးဖွာလေးတွေကျဆင်းနေတယ်။မိုးလင်းမယ့်အချိန်ကို တိမ်မည်းတွေကတားမြစ်ထားတာကြောင့် ကောင်းကင်ကမည်းမှောင်နေလေတယ်။

မိုးစက်တွေလိုတံခါးခေါက်သံကဆက်တိုက်ထွက်လာနေတယ်။

တစ်ညလုံးရေဓာတ်အဖြည့်ခံထားရတဲ့လှပတဲ့မိန်းမပျိူ‌လေးက အမျိူးသားရင်ဘတ်ထဲတိုးဝင်လာကာ သူမရဲ့မျက်နှာသေးသေးလေးက သူ့ရင်ဘတ်ထဲနစ်မြှုပ်နေလေတယ်။

စိတ်ကျေနပ်မှုအပြည့်ရထားတဲ့အမျိူးသားက သူ့ရင်ခွင်ထဲကမိန်းကလေးအအေးမပတ်ရစေရန် စောင်ခြုံပေးလိုက်ရင်း ဆက်အိပ်စက်ဖို့အတွက် မျက်လုံးပိတ်လိုက်တယ်။

ရှန်းဝေဖုန်းမြည်နေတာဘယ်လောက်ကြာနေမှန်းတောင်မသိတော့ဘူး။သူမက ကျန်းမူဟန်ဖုန်းထင်တာကြောင့် သူ့ကိုတွန်းကာ
"ရှင့်ဖုန်း"

ကျန်းမူဟန်သူမကိုကြည့်လိုက်တယ်၊သူမအိပ်ရေးမဝတာကိုမြင်တော့ ဖုန်းကိုင်ဖို့ကူညီပေးလိုက်တယ်။ခေါ်သူကကျိူးရှင်းဖြစ်နေတာမြင်တော့
"မင်းမန်နေဂျာ"

ပြောပြီးတာနဲ့ ဖုန်းကိုရှန်းဝေနားနားကပ်ပေးလိုက်တယ်။

ကျိူးရှင်းအသံထွက်လာတယ်။
"ဝေဝေ မထသေးဘူးလား?ရိုက်ကူးရေးစတော့မယ်လေ။"

ရှန်းဝေအနည်းငယ်နိုးလာကာ
"ဘယ်အချိန်လဲ?ဘာကိုရိုက်ကူးရမှာလဲ?"

ရှန်းဝေအသံကအက်ကွဲနေတယ်။ ကြားတာနဲ့ ဟိုဟာကြောင့်ဆိုတာသိသာနေတဲ့အသံမျိူး။
ကျိူးရှင်း အံကြိတ်ကာ
"၁၀နာရီတောင်ရှိနေပြီ။အခုမှမသွားရင် နက်ဖြန် ပေကျင်းမရောက်နိုင်ပဲနေမယ်နော်"

ရှန်းဝေ"အိုကေ။ ကျွန်မသိပြီ"

ဖုန်းဖြေပြီးတာနဲ့ ကျန်းမူဟန်ကသူမအတွက်ချပေးလိုက်တယ်။သူမမျက်လုံးမဖွင့်ချင်သေးတာကိုမြင်တော့ ပိုက်ဆံထပ်ကုန်တော့မယ်ဆိုတာကိုသိလိုက်တယ်။သူ့လက်တွေက သူမရဲ့ခါးကိုဖက်ကာ
"မင်းဆေးကြောဖို့ ကိုယ်သယ်သွားပေးမယ်?"

ရှန်းဝေ သူမမျက်လုံးတွေကို အားယူဖွင့်လိုက်ချိန်ပေါ်လာတာက သူ့ရဲ့ရင်အုံပဲဖြစ်တယ်။သူမပါးစပ်ဟကာ သူ့ရင်ဘတ်ကိုအားနဲ့ကိုက်ချပစ်တယ်။ကျန်းမူဟန် နာနေပေမယ့် သူမကိုမတွန်းပစ်လိုက်ဘူး သူမဒေါသတွေကိုဖြေစေလိုက်တယ်။

 ထိမ်းမြားလက်ထပ်ခြင်း【MM Translation】Where stories live. Discover now