အပိုင်း(၂၁)

2.4K 222 10
                                    

အပိုင်း(၂၁)

ကျန်းမူဟန် ရှန်းဝေသရုပ်ဆောင်ထားတဲ့ videoကို မျှဝေလိုက်တဲ့အချိန်မှာတော့ ရှန်းဝေကအိမ်ရောက်နေပြီး ရေချိူးနေချိန်ဖြစ်လေတယ်။သူ‌မရေချိူးချန်းမှထွက်လာပြီးနောက်မှာတော့ သူမသူငယ်ချင်းကောင်း လော့ချင်းယန်ရဲ့ သေနတ်နဲ့အဆက်မပြတ်ပစ်ခတ်ခြင်းခံလိုက်ရလေတယ်။

အဲ့အချိန်တုန်းက ဘာတွေဖြစ်နေတယ်ဆိုတာကို ရှန်းဝေကမသိလေဘူး။သူမ လော့ချင်းယန်ရဲ့ wechatမှ စာတသီကြီးနဲ့ missed call ၅ခုကိုသာတွေ့ရလေတယ်။

ကိစ္စကြီးတစ်ခုခုဖြစ်နေပြီးထင်မိတာကြောင့်၊ ရှန်းဝေသူမကိုယ်သူမရေချိူးပုဝါနဲ့ခေါင်းပေါင်းသာ ပတ်ထားတာကိုဂရုစိုက်‌မ‌နေတော့ပဲ၊ ဘာဖြစ်နေလဲဆိုတာသိရအောင် လော့ချင်းယန်အား ချက်ချင်းဖုန်းဆက်လိုက်လေတယ်။

သူမဘက်ကလည်းအလုပ်များနေတယ်ထင်တယ်။ သူမချက်ချင်းပြန်မကိုင်လာလေဘူး။

ရှန်းဝေအနည်းငယ်မျက်မှောင်ကြှုပ်လိုက်ကာ၊ ဘာဖြစ်နေလဲဆိုတာ သူမဘာသာရှာဖို့ wechatမှ စာတွေအားပြန်ဖတ်ကြည့်လိုက်လေတယ်။

တကယ့်သတင်းကိုသိရဖို့ သူမမှာmemeတွေအများကြီးကို အချိန်အနည်းငယ်‌ေပးကာ ကျော်ဖြတ်ခဲ့ရလေတယ်။

[ငါလာပြီ၊ဘေဘီဝေဝေရေ၊နင်နဲ့ကျန်းမူဟန်ရဲ့ဆက်ဆံရေးတိုးတက်တာအတော်မြန်တာပဲ။]

[သူနင်နဲ့တင်ထားတာကို တကယ်ကြီးပြန် forwardလုပ်လိုက်တယ်ဟ။]

[နင်တို့တွေ သာမန်အတွဲတွေလို ချစ်ကြည်နူးပြတော့မလို့လား?]

[ဘေ‌ဘီ၊နင်ဘာလုပ်နေတာလဲ? ငါ့ကို ဘာကြောင့်ပြန်စာမပို့သေးတာလဲ?]

[ငါခဏနေရိုက်ကူးရေးပြန်စရတော့မယ်။]

နောက်ပိုင်းတွေ‌ကတော့ memeပုံတွေသာဖြစ်လေတယ်။

ရှန်းဝေဆက်မကြည့်တော့ဘူး၊ ဒါပေမယ့် သူမအပေါ်ကစာနှစ်ခုကို အံ့အားသင့်စွာ ကြောင်ကြည့်နေမိလေတယ်။

သူမအကြောင်း forwardလုပ်တယ်ဆိုတာကဘာလဲ?

ကျန်းမူဟန်ဘာလုပ်လိုက်တယ်?

 ထိမ်းမြားလက်ထပ်ခြင်း【MM Translation】Where stories live. Discover now