အပိုင်း(၁၄)

2.5K 205 1
                                    

တစ်ယောက်ကမှားတယ်ဆိုတော့ နောက်တစ်ယောက်ကလည်းမှားလို့တဲ့။

ဒီလင်မယား တစ်ခါတစ်ရံကျ သဘောထားချင်းထပ်တူကြတယ်လို့ဆိုရမှာပဲ။

ရှန်းဝေ ကျန်းမူဟန် လမ်းမှားလာတယ်ဆိုတာကို နားကြားလွဲမိသလားလို့တောင် တွေးလိုက်မိတယ်။

နည်းနည်းရှက်လာကာ သူမအမှတ်မထင်ထင်ပြောလိုက်တယ်။
"ဒါဆို ရှင်ဘာလို့မပြန်သေးတာလဲ?"

ကျန်းမူဟန် ချက်ချင်းပြန်မဖြေသေးပဲ မတွေ့တာတစ်ပတ်ရှိပြီဖြစ်တဲ့ မိန်းကလေးကိုငေးကြည့်နေလိုက်တယ်။သူမကအဖြူရောင်ညဝတ်အင်္ကျီကိုဝတ်ဆင်ထားတယ်၊ သူမရဲ့နက်မှောင်းပျော့ပြောင်းတဲ့ဆံနွယ်ကောက်ကောက်လေးတွေက သူမရဲ့ပခုံးဘေးတစ်ဝိုက်ကနေကျဆင်းလာတယ်၊ဒါကသူမအသားအရည်ကို အရုပ်မကလေးလို လှပဖြူဖွေးကာ နူးညံ့သိမ့်မွေ့တဲ့ပုံစံ ဖြစ်ပေါ်စေလေတယ်။

သူမမျက်နှာအခုလေးတင်သစ်ထားတာကြောင့် မျက်တောင်ကော့ကော့လေးပေါ်မှာ  ရေစက်ကလေးတွေတင်ကျန်နေလေတယ်။ရေစက်ကလေးတွေက ကြည်လင်တဲ့ဖန်လုံးလေးတွေလိုပဲ။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ရေစက်လေးတွေအောက်ပြေးလိမ့်ဆင်းလာတယ်၊သူမပါးပြင်ပေါ်ကနေမှ သူမမေးစေ့၊ထိုမှ ညှပ်ရိုးအထိလိမ့်ဆင်းလာတာက ညှပ်ရိုးပေါ်ရောက်မှ  ပျောက်သွားလေတယ်။

သူမခြေထောက်မှာ ‌ပတ်တီးဖြူစီးပတ်ထားလေတယ်။

အနီရောင်လက်သည်းနီဆိုးထားတဲ့ ဖိနပ်မပါတဲ့ခြေဖဝါနှစ်ဖက်က တောက်တောက်ပပကိုဖွေးနေလေတယ်။

"ဘာလို့ဖိနပ်မစီးရတာလဲ?"
ကျန်းမူဟန် အသံအရင်ထွက်လာလိုက်တယ်။

သူကြည့်တာခံလိုက်ရတဲ့ ရှန်းဝေတစ်ကိုယ်လုံး သက်သောင့်သက်သာမရှိလေဘူး။သူမခြေဖဝါးအချင်းချင်းပွတ်ကာ "ဂရုစိုက်သေးတယ်ပေါ့!"

ဒါကရင်းနှီးနေတဲ့ အထက်စီးဆန်ပြီးနူးနူးညံ့ညံ့အသံပဲပေါ့။

ကျန်းမူဟန် စိုက်ကြည့်လိုက်တယ်၊ပြီးနောက် သူမကိုဘာမှမပြောတော့ပဲ တိုက်ရိုက်သာပွေ့ချီလာလိုက်တော့တယ်။

ရှန်းဝေမှာ ရုတ်တရက်ဆိုတော့လန့်သွားတာကြောင့် သူ့လည်ပင်းအား မသိစိတ်ရဲ့စေ့ဆော်မှုအတိုင်း သူမလက်တွေနဲ့ဖက်လိုက်တယ်။

 ထိမ်းမြားလက်ထပ်ခြင်း【MM Translation】Where stories live. Discover now