အပိုင်း(၃၆)

2.2K 193 1
                                    

အပိုင်း (၃၆)

ဒါပေါ့၊ရှန်းဝေကလေးတကယ်ယူလို့မဖြစ်သေးဘူး၊၊သူမရိုက်ကူးရမှာတွေရှိနေသေးလေတယ်။သူမ အားလပ်ချိန်မရလောက်အောင်ကို အလုပ်များနေတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ၊နွေဦးပွဲတော်အားလပ်ရက်တွေကျော်လွန်သွားခဲ့ပြီလေ၊ ရိုက်ကူးရေးပြန်လည်စတင်ပါပြီ၊ ပြီးတော့ ရှန်းဝေလည်းသူမအလုပ်မှာအာရုံအပြည့်စိုက်ထားရပြီလေ။

အသတ်ခံရမဲ့အခန်းရိုက်ကူးတဲ့နေ့မှာတော့၊ ကျန်းမူဟန် ရိုက်ကူးရေးအဖွဲ့ဆီလာရောက်လည်ပတ်လေတယ်။ဒါရိုက်တာ ရှန်းဝေရဲ့နောက်ဆုံးရိုက်ကူးရေးအခန်းအတွက် ပွဲ‌ေသးတစ်ခုစီစဉ်ပေးလေတယ်၊ပန်းစည်းတွေရယ် ကိတ်ရယ်နဲ့ အတော်ကိုတက်ကြွနေလေတယ်။

နောက်ဆုံးအခန်းရိုက်ကူးအပြီးမှာတော့၊ ရှန်းဝေ ပြင်ဆင်ထားတဲ့ဝတ်စုံကိုဝတ်ဆင်ကာ သူမအတွက်ဓာတ်ပုံရိုက်ကူးပေးရန် ကျန်းမူဟန်အားမှာလိုက်လေတယ်။သူမ weiboမှာ အချိူ့ခံစားချက်အနည်းငယ်ပါတဲ့စာရေးကာတင်လိုက်လေတယ်။

မိတ်ကပ်ဖျက်ပြီးတဲ့နောက်မှာတော့ ရှန်းဝေဟာ စိတ်သက်သာရာရသွားကာ ဘာမှလုပ်စရာမရှိတော့တာကြောင့် ပျင်းရိနေလေတယ်။

"ပျော်နေတယ်ပေါ့?"ကျန်းမူဟန် သူမအားစလာလေတယ်။

ရှန်းဝေပြုံးကာ"ဒါပေါ့၊အခန်းတစ်ခန်းရိုက်ကူးပြီးတိုင်း ကျွန်မအမြဲပျော်တယ်လေ။"

ကျန်းမူဟန်သူမခေါင်းလေးအားထိလာကာ"ရိုက်ကူးရေးပြီးတိုင်းအခြားသူတွေကဇာတ်‌ေကာင်က‌နေထွက်ဖို့ အချိန်အနည်းငယ်လိုတယ်။မင်းကတော့အမြဲမြန်သလိုပဲ။"

"ဒါအမှန်ပဲ၊ကျွန်မဇာတ်ကောင်ခံစားချက်ကနေထွက်ဖို့မြန်တယ်။"ရှန်းဝေသူမမျက်နှာအားမော့ကာ ကျန်းမူဟန်ကိုကြည့်ပြီး"ဒါကိုအရည်အချင်းတစ်ခုလို့ပြောလို့ရတယ်။"

"ဟုတ်တယ်၊ ဒါအရည်အချင်းရှိတာပဲ။"ကျန်းမူဟန်ကလည်းမငြင်းဆန်လေဘူး။ရှန်းဝေသာအရည်းအချင်းမရှိဘူးဆိုရင်၊ ဒီနေ့ဒီနေရာရောက်ဖို့ သူမအတွက်မဖြစ်နိုင်လေဘူး။

"မစ္စတာကျန်းတောင်ချီးကျူးတယ်ဆိုတော့ ကျွန်မမှာတကယ်ပဲအရည်အချင်းရှိပုံပဲ။မစ္စတာကျန်း ကျွန်မတို့အောင်ပွဲလေးလုပ်သင့်တယ်မဟုတ်လား!"

 ထိမ်းမြားလက်ထပ်ခြင်း【MM Translation】Where stories live. Discover now