Ep~1

41.9K 675 20
                                    

Uni

"ဦးလေး ..... ဒီစတော်ဘယ်ရီသီးတွေက ဘယ်လိုရောင်းတာလဲ"

ဆိုင်ရှေ့မှာရပ်ရင်း စီးကရက်ဖွာနေစဥ် ကိုယ့်ကိုရည်ညွှန်းသည်ဟုထင်ရသော ဦးလေးဆ်ိုသည့် စကားအသုံးအနှုန်းက နားထဲကိုကန့်လန့်၀င်လာသည်။

ကိုယ့်ကိုပြောတာ ဟုတ်မဟုတ် သေချာပြန်ဆန်းစစ်ကြည့်တော့လဲ ထိုမိန်းကလေးရဲ့ ပတ်၀န်းကျင်မှာ ယောကျာ်းလေးဆို၍ ကိုယ်တစ်ယောက်တည်းရှိသည်။ ဒီတော့ ဦးလေးဆိုတာ ကိုယ့်ကိုပြောတာသေချာနေပြီဖြစ်သည်။

"ဦးလေး စတော်ဘယ်ရီက ဘယ်လိုရောင်းတာလဲလို့"

မကြားချင်ယောင်ဆောင်ပြီး စီးကရက်ဖွာနေစဥ်အတွင်းမှာပဲ ထိုမိန်းကလေးက စိတ်မရှည်သည့်လေသံနဲ့ နောက်တစ်ခေါက်ထပ်မေးလေသည်။

၂၆နှစ်အရွယ်သာရှိသေးသည့် လူပျိုနုနုထွတ်ထွတ်ကို ဦးလေးလို့ လာခေါ်နေတဲ့ ကလေးမကြောင့် ဒေါသထောင်းခနဲထွက်သွားတော့သည်။

"မသိဘူး.... ဒီစတော်ဘယ်ရီသီးတွေက ငါရောင်းတာမဟုတ်ဘူး။ သိချင်ရင် ဆိုင်ရှင်ကိုသွားမေး"

စီးကရက်ကို လက်ကြားထဲညှပ်ရင်း ဘောက်ဆက်ဆက်နဲ့ပြန်ဖြေလိုက်သည်။

"ဒီမှာ ဆိုင်ရှင်မှမရှိတာ.... ဆိုင်ရှင်ဘယ်သွားလဲ"

"ဘယ်သွားလဲဆိုတာ ငါကဘယ်လိုလုပ်သိမှာလဲ.... ဆိုင်ရှင်က ငါ့မယားမှ မဟုတ်တာ"

ဟ... ဒီလူဘယ်လိုလူလဲ။ ယောကျာ်းကြီးတန်မဲ့ ကပ်ကပ်လန်ရန်တွေ့နေပါလား။

"ကျစ်.... ဘယ်လိုလူ့ဂွစာနဲ့လာတွေ့နေလဲမသိဘူး... ဒါလေးမေးတာကိုကောင်းကောင်းမွန်မွန်ပြန်မဖြေဘူး"

ထိုလူ့နားထဲ သဲသဲကွဲကွဲမကြားနိုင်လောက်တဲ့ အသံဖြင့် တစ်ယောက်ထဲပွစိပွစိပြောလိုက်သည်။

"တော်တော်အပေါက်ဆိုးတဲ့ အဘိုးကြီး"

ဒီတစ်ခါတော့ ထိုလူကြားအောင်လို့ တမင်တကာကျယ်ကျယ်ပြောလိုက်ခြင်းဖြစ်သည်။ ဒါပေမဲ့ ပြော​လည်းပြော ပြေးလည်းပြေး ဖြစ်သည်။ တော်ကြာ သူ့ကိုအဘိုးကြီးလ်ို့ပြောလို့ ပြဿနာရှာမှာစိုး၍ ထိုဆိုင်ရှေ့ကနေ ချာခနဲနေအောင်လှည့်ရင်း လှည်းတန်းစျေးထဲကနေအမြန်သုတ်ခြေတင်တော့သည်။

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now