Ep~26

7.6K 431 31
                                    

Uni

"ချောက်!!"

မီးခြစ် တစ်ချက် ခြစ်ကာ မီးညှိလိုက်တော့ စီးကရက်ထိပ်ဖျားမှာ မီးကရဲခနဲ။

အငွေ့တလူလူ  ထစပြုနေသည့် စီးကရက်ကို  အားပါးတရ တစ်ဖွာရှိုက်လိုက်ပြီးနောက် ကောင်းကင်ပေါ်မှာ ထွန်းလင်းတောက်ပနေသည့် ကြယ်ရောင်စုံတွေကို ငေးကြည့်ရင်း အငွေ့တွေကို နှာခေါင်းထဲက ပြန်ထုတ်လိုက်သည်။

အိမ်ခေါင်မိုးထပ်က ကွပ်ပျစ်လို သစ်သားကုတင်အဟောင်းလေးပေါ်မှာ ထိုင်ရင်း အတွေးတွေက ဟိုဟိုဒီဒီရောက်နေသလို စီးကရက် ငုတ်တိုတွေကလည်း ကုတင်အောက်မှာ ပွစာကျဲလျက်ရှိနေသည်။ထိန်ထိန်သာနေသည့် လရောင်အောက်မှာ ထိုင်ရင်း စီးကရက်တွေ သောက်မိနေသည်က တစ်လိပ်ပြီးတစ်လိပ်။

အခုလောက်ဆို နွေးနဲ့ ရွယ်တူသူငယ်ချင်းတွေသည် မနက်ဖြန် ဘွဲ့ယူရတော့မှာမို့ ရင်ခုန်စိတ်လှုပ်ရှားရင်း အိပ်မပျော်ဖြစ်နေနိုင်ကောင်း ဖြစ်နေနိုင်သည်။ ဒါပေမဲ့ နွေးအတွက်တော့ ဘွဲ့ယူရမှာမို့ ရင်ခုန်ရင်း အိပ်မပျော်ဖြစ်နေတာမဟုတ်။

မနက်ဖြန်ကျ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ကိုကြီးနဲ့ ပြန်တွေ့မှာလားဆိုတာတွေးပြီး အိပ်မပျော်နိုင်တာဖြစ်သည်။

အကယ်၍ပြန်တွေ့ခဲ့ရင်တောင် နွေး... ကိုကြီးကို မနှုတ်ဆက်ဘူးလို့  စိတ်ပိုင်းဖြတ်ထားသည်။ ကိုကြီးပေးခဲ့တဲ့ ဒဏ်ရာတွေကို နွေး.. လပေါင်းများစွာ ရင်နဲ့မမျှအောင် ခံစားရခဲ့ပြီးပြီမို့ နောက်တစ်ခါတော့ ဒဏ်ရာဟောင်းတွေကို မထိုးဆွချင်တော့ပါ။

ဘွဲ့ယူတဲ့အခါ ကိုကြီးနဲ့ ပြန်ဆုံချင်သည်ဆိုတာက ... သူ လိမ်ညာလှည့်ဖျားခဲ့သည့် မိန်းကလေး..ဘယ်လောက်အထိ ပြောင်းလဲသွားလဲ မြင်စေချင်ရုံသပ်သပ်သာဖြစ်သည်။

ဟုတ်ပါသည်... နွေး အများကြီး ပြောင်းလဲသွားခဲ့သည်။ အဓိကကတော့ ရင့်ကျက်သွားတယ် လို့ပဲ ဆိုရမည်။ အသုံးမ၀င်တဲ့ အရာတွေအပေါ်   အာရုံပြု ဂရုစိုက် မနေတော့ဘဲ နွေးအတွက် အကျိုးရှိမယ့်အရာတွေကိုပဲ အလေးထားအာရုံစိုက်လိုက်သည်။ ရလဒ်အနေနဲ့ကတော့.... ဘွဲ့ယူပြီးတာနဲ့ ကိုရီးယားက တက္ကသိုလ်တစ်ခုမှာ master ဆက်တတ်ရမည့် အခွင့်အလမ်းတစ်ခု ရရှိခဲ့သည်။ ဒါကြောင့် နောက်လအစမှာပဲ ဒီမြန်မာနိုင်ငံကြီးကို နွေး စွန့်ခွာထွက်သွားတော့မှာ ဖြစ်သည်။

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now