Ep~33

13K 473 56
                                    

Uni

ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည့် နေခြည်နွေး၏ လက်ကလေးတွေသည် တုန်ရီနေသည်။

နေ့လယ်က ရတီတို့ ရောက်လာတဲ့ အချိန်ကတည်းကနေ အခုချိန်အထိ ကိုကြီးနဲ့ နွေး စကားမပြောရသေး။ ကိုကြီးနဲ့ ကိုကြီးရဲ့ အမေ ဘာအကြောင်းတွေ ​ပြောနေကြသလဲ ဆိုတာ နွေးမသိရ။ အချိန် တစ်နာရီကျော်လောက်အထိ ကိုကြီးရဲ့ အခန်းထဲမှာ စကားပြောနေကြသည်။ နောက်ပြီး ပြန်ထွက်လာတော့ ရတီတို့ကို မန္တလေး ပြန်လိုက်ပို့လိုက်ဦးမယ် ဆိုပြီး ကားနဲ့ ထွက်သွားလေသည်။

အဲ့ကတည်းက ထွက်သွားလိုက်တာ အခု ည ၇နာရီကျော်သည် အထိ ပြန်မရောက်သေး။ နွေး ဖုန်းခေါ်ကြည့်ပေမယ့် မကိုင်တာကြောင့် အကြောင်းကိစ္စ တစ်ခုခု ရှိနေပြီဆိုတာ သေချာသည်။

အဲ့အကြောင်းကိစ္စက နွေးနဲ့ ပတ်သက်နေမယ်ဆိုတာလည်း ကျိန်းသေသလောက်ရှိသည်။

*ကတောင်!!*

ထိုအချိန်မှာပဲ ဖုန်းထဲကို ၀င်လာသည့် စာတစ်စောင်....

"ဒီည ပြန်မလာဖြစ်ဘူး.... မနက်မှ စောစောပြန်လာခဲ့မယ်။ ကိုယ့်ကို စောင့်မနေနဲ့.... အိပ်တော့ ကလေး..."

ထိုစာကို မြင်မြင်ချင်းပဲ နွေးလက်ချောင်းတွေကို ကီးဘုတ်မှာပေါ် အမြန် လှုပ်ရှားလိုက်ရင်း စာပြန်ပို့လိုက်သည်။

"အန်တီတို့လာတာ နွေးတို့ အကြောင်းကို သိသွားလို့မလား... အန်တီက ဘာပြောလဲဟင်... နွေးတို့ကို သဘောမတူဘူးတဲ့လား"

"အဲ့ဒါတွေ တွေးပြီး စိတ်ညစ်မခံနဲ့ ... ကိုကြီး အားလုံးကြည့်ရှင်းလိုက်မယ်။ ဘာမှစိတ်မပူနေနဲ့... မနက် ပြန်လာရင် ကိစ္စအားလုံးကို ပြန်ပြောပြမယ်... အခုတော့ ဘာမှမတွေးပဲ အိပ်တော့"

ထိုစာကို ပို့ပြီးတဲ့ နောက်တော့ ဖုန်းကို အခန်းထဲမှာ ထားခဲ့ရင်း အပြင်ဘက်က ဧည့်ခန်းရှိရာကို ထွက်လာခဲ့လိုက်သည်။

ဒီကိစ္စကို ဒီည တစ်ခါထဲ အပြတ်ရှင်းမှကို ရမည်။

"သားရဲ့ ဆုံးဖြတ်ချက်ကို တကယ်ပဲ မပြောင်းလဲတော့ဘူးလား"

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now