Ep~28

8.4K 491 53
                                    

Uni

မမပြောပြနေတဲ့ အကြောင်းအရာတွေကို နွေး ဖြင့် နားရှိလို့သာ ကြားနေရတယ်...တကယ်တန်းကျ ယုံကြည်ဖို့ပင် ခဲယဥ်းနေသည်။

"မမ အခုပြောနေတာတွေအကုန်လုံးက တကယ် အမှန်တွေပဲလား"

"နင်ယုံဖို့ ခက်နေမယ်ဆိုတာ နားလည်ပေမယ့် ဒါတွေအားလုံးက အမှန်တွေချည်းပဲ"

"ဒါဆို အားလုံးပေါင်းပြီး နွေးကို အရူးလုပ်ထားကြတာပေါ့"

"........"

"ဘာလို့ အဲ့လိုလုပ်ခဲ့တာလဲ ?"

"....."

"နွေး ယုံကြည်ရတဲ့ မမကပါ ..... နွေးကို ဘာလို့ ဒီအကြောင်းတွေကို ဖုံးကွယ်ထားခဲ့ရတာလဲ"

"အဲ့အချိန်တုန်းက ငါ့အနေနဲ့ ဘယ်လိုမှ မတတ်နိုင်ခဲ့လို့... ပြောပြလို့ မရခဲ့တာ"

"ဟင့်အင်း...မမသာ...နွေးကို ပြောပြချင်ရင်... အကုန်လုံးမဟုတ်ရင်တောင်  အရိပ်အမြွက်လောက်ပဲ ဖြစ်ဖြစ် ပြောပြခဲ့မှာ"

"....."

"အရမ်းနောက်ကျသွားခဲ့ပြီ မမ.... အခုမှ လာပြောပြလို့လဲ ဘာမှ ထူးလာမှာ မဟုတ်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုကြီးနဲ့ နွေးနဲ့ ပြန်ဆုံနိုင်ဖို့ဆိုတာ အရမ်းခဲယဥ်းသွားပြီ"

"......"

"အခုချိန်လောက်ဆို.... ကိုကြီးက နွေးကိုတောင် မေ့ရင် မေ့နေတော့မှာ..... ဒါမှမဟုတ် မုန်းချင် မုန်းနေလိမ့်မှာ......။ နွေးမိဘတွေကြောင့် သူတို့ မိသားစု ဒုက္ခရောက်ခဲ့ရတာလေ.....နွေးကတော့ ဒီအကြောင်းတွေ ဘာတစ်ခုမှ မသိပဲ.... ကိုကြီးကို စိတ်နာနေမိတာ"

"သူ နင့်ကို.... မုန်းလည်းမမုန်းသလို မေ့လည်း မမေ့သေးဘူး"

"မမက ဘယ်လိုလုပ်ပြီးသိလဲ"

"လွန်ခဲ့တဲ့ တစ်နှစ်လောက်က ငါအလုပ်ကိစ္စနဲ့ ခရီးသွားရင်း သူနဲ့ အမှတ်မထင်ဆုံဖြစ်ခဲ့တယ်"

နွေး အတွက် မျှော်လင့်ချက်ရောင်ခြည်ရေးရေးလေး ပေါ်လာတာကြောင့် နွေး ရင်တွေတဒိတ်ဒိတ်ခုန်ရင်း မမ ဆက်ပြောမယ့် စကားများကို ဆက်နားထောင်နေမိသည်။

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now