Ep~19

8K 489 38
                                    

Uni

ဆရာ၀န်အလာကို ထိုင်စောင့်နေရသည်မှာ ခြေထောက်များပင် ညောင်းချိနေလေပြီ။ ဆရာ၀န်ကတော့ အခုချိန်အထိ ပေါ်မလာသေး။

"မမ"

"ဟေ"

"နွေး ညောင်းလာပြီ"

"ညောင်းရင် အပြင်မှာ လမ်းခဏထွက်လျှောက်လိုက်လေ.... ဆရာ၀န်ရောက်ရင် ငါ ဖုန်းလှမ်းဆက်လိုက်မယ်"

"အင်း....ဒါဆို.. အညောင်းပြေ လမ်းထွက်လျှောက်လိုက်ဦးမယ်"

မမကို ဆရာ၀န်ထိုင်မည့် အခန်းရှေ့မှာ ထားခဲ့ပြီး နွေး တစ်ယောက်ထဲ အပြင်ကို လမ်းလျှောက်လာခဲ့သည်။

ဒီနေ့က ရုံးပိတ်ရက် တနင်္ဂနွေနေ့ ဆိုတော့ ဆေးရုံမှာ ရက်ချိန်းလာပြသူ medical check up လာလုပ်သူများဖြင့် စည်ကားနေသည်။ ဒါကြောင့် ဆေးရုံအတွင်းလူတွေများပြားနေပြီး မျက်စိရှုပ်နေတာကြောင့် လူတွေရှင်းသည့် ဆေးရုံပန်းခြံ၀န်းမြက်ခင်းစိမ်းဘက် ထွက်လာခဲ့သည်။

မြက်ခင်းစိမ်းပြင်ကြီးထဲရောက်တော့ အရိပ်ကောင်းသည့် ဗန်ဒါပင်ကြီးအောက်က သစ်သားခုံတန်းလေးမှာ ထိုင်လိုက်ပြီး လေကောင်းလေသန့်တွေ တ၀ကြီးရှုရှိုက်လိုက်သည်။ နောက်ပြီး ဘောင်းဘီအိပ်ကပ်ထဲကနေ ဖုန်းထုတ်လိုက်ကာ ကိုကြီးဆီ ဖုန်းခေါ်လိုက်သည်။

ကိုကြီးက အမြဲတမ်း ဖုန်းနဲ့မကွာရှိနေတတ်သူမို့ ကြာကြာမခေါ်လိုက်ရ ....

"ဟယ်လို"

"ဟယ်လို...ကိုကြီး"

"အင်း... ပြောလေ"

"ကိုကြီး အခုဘာလုပ်နေတာလဲ... ဆိုင်မှာလား"

"မဟုတ်ဘူး.... အလုပ်ကိစ္စလေးရှိလို့ ဆူးလေ ဘက်ရောက်နေတာ.... ဘာ​အရေးကြီးကိစ္စရှိလို့လဲ"

"မရှိပါဘူး.... ဒီအတိုင်း ကိုကြီးကိုသတိရလို့ ဖုန်းဆက်တာ"

"​ညကမှ တွေ့ထားတာကို သတိရပြန်ပြီလား"

"ညကတွေ့ထားတာမှန်ပေမယ့် ဒီနေ့မှ မတွေ့ရသေးတာ....အဲ့ဒါကြောင့် လွမ်းတာပေါ့လို့.... နွေးက ကိုကြီးနဲ့ နေ့တိုင်း တွေ့ချင်တာ"

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now