Ep~6

8.3K 342 6
                                    

Uni

စာကြည့်စားပွဲပေါ်တွင် ချထားသောစာအုပ်တွေကအများကြီး ........

စာလုပ်ရင်းနဲ့သောက်ဖို့အတွက် ဖျော်ထားသော ကော်ဖီခွက်ကလည်း အဆင်သင့်......

လူပဲ စာလုပ်ဖို့ကျန်တော့သည်။

အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး ဘောပင်တစ်ချောင်းကို ကိုင်လိုက်ကာ အကြမ်းစာအုပ်တစ်အုပ်ပေါ်မှာ ကိုရီးယား မီးနင်းတစ်ချို့ကို ချရေးလိုက်ပြီး ဦးနှောက်ထဲ ကျက်မှတ်လိုက်သည်။

ဘာသာစကားတစ်ခုကို သင်ယူသည့် နေရာမှာ အရေးကြီးအချက်က ​ေ၀ါဟာရ ကြွယ်၀နေဖို့ပင်။ သဒ္ဒါတွေ စကားပြောတွေ နောက်ထား ...အရင်ဆုံး meaning တွေ ကျက်မှတ်ထားမှ စာကြောင်းတွေ တည်ဆောက်နိုင်မှာ ဖြစ်သည်။

ဒါကြောင့် တစ်နေ့ကို အနည်းဆုံး စကားလုံးအသစ် အလုံးနှစ်ဆယ်လောက် ပုံမှန်ကျက်မှတ်ဖြစ်သည်။

"ဒေါက် ဒေါက် .... နေခြည်နွေး... ငါခဏ၀င်လာခဲ့မယ်နော်"

"ရှင်... ဟုတ် ၀င်ခဲ့လေ"

ဖတ်လက်စ စာအုပ်ကြားထဲ ဘောပင်ညှပ်ကာ ပိတ်ထားခဲ့လိုက်ပြီး မမ ၀င်အလာကို စောင့်နေလိုက်သည်။

မမက မျက်နှာကို serum mask ကပ်ရင်းဖြင့် ၀င်လာပြီး နွေးရဲ့ ကုတင်ပေါ် လှဲချလိုက်ကာ အနည်းငယ်တွန့်နေသော mask ကို လက်ဖြင့် ညှိနေလေသည်။

"အမလေး အပျိုကြီးမမ သိပ်ကိုလှချင်နေတာပေါ့လေ"

"လှချင်တာရယ်လို့တော့ မဟုတ်ပါဘူးဟယ်....ထိုင်းကိုသွားတုန်းက ဖူးခက်မှာ နှစ်ရက်လောက် ကမြင်းလိုက်တာ မျက်နှာမှာ နေလောင်ကွက်တွေထနေလို့ ပြန်ပြီး စကင်ကဲနေရတာ"

"​ကဲ ပြောပါဦး လာရင်းကိစ္စက"

"​ကိစ္စကတော့ ဒီလိုပါ အစ်မတော်ရေ။ အမေနဲ့ အဖေက နင့်ကို ပြောခိုင်းထားတာရှိလို့ ငါလာပြောတာ"

"ဘာပြောခိုင်းလို့လဲ.... ခုနက တွေ့တုန်းကတော့ နွေးကို ဘာမှမပြောပါဘူး"

"ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ ဒီနှစ် နွေရာသီကျရင် ငါတို့နေတဲ့ ဒီအိမ်ကို နှစ်ထပ်တိုက်အိမ် ပြန်ပြင်ဆောက်မလို့တဲ့"

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now