Ep~8

8.1K 369 11
                                    

Uni

"ရတီဖြိုး"

"ရှင်"

"ဒီကိုခဏလာခဲ့ဦး"

"ခဏလေး ..ရတီ ဒီမှာဂိမ်းဆော့နေရင်းတန်းလန်းကြီး"

"ဂိမ်းနောက်မှဆက်ဆော့ အခုလောလောဆယ် ငါ့ဆီလာခဲ့ဦး"

"ကိုကိုကလည်း ... ဘာခိုင်းဦးမလို့လဲ။ ခိုင်းစရာရှိရင်နောက်မှခိုင်း...."

"နင်အခုလာမလား ငါထလာရမလား!"

လေသံတစ်ဆင့် မြင့်လာလေပြီ။

"ကျစ်!!လာပြီ လာပြီ"

PC ရှေ့ကနေ မထချင်ပဲထလိုက်ရသည်။

ကိုကို့အကြောင်း နောကြေအောင် သိတာမို့ ဂိမ်းစက်ကို လာရိုက်မခွဲခင် သူ့ခေါ်တဲ့ဆီရောက်အောင်သွားရတော့သည်။

"ပြော"

"ရုပ်ကအဲ့ဒါဘာဖြစ်နေတာလဲ"

"ဘာဖြစ်နေလို့လဲ ပြောစရာရှိတာသာမြန်မြန်ပြော"

"နင့်သူငယ်ချင်း နေခြည်နွေးဆိုတဲ့တစ်ယောက်က ဘယ်မှာနေတာလဲ"

"သူ့အိမ်မှာသူ နေတာပေါ့"

"ငါ့ကိုလာရွဲ့မနေနဲ့...... မေးတာကိုသေချာဖြေ"

အရင်တုန်းကတော့ နွေးရဲ့အကြောင်းကို နည်းနည်းလေးတောင် စိတ်မ၀င်စားခဲ့တဲ့သူက အခုမှ အရေးတကြီးမေးနေတာကြောင့် အမြင်ကပ်ကပ်ဖြင့် မျက်စောင်းခိုးထိုးလိုက်သည်။

"မရမ်းကုန်းမှာနေတာ....​ကျောင်းကအပြန် ကားစီးရင် အဲ့နားမှာ ဆင်းဆင်းသွားတာပဲ"

"ဟုတ်လား"

"ကိုကိုက ဘာလို့နွေးအကြောင်းကို မေးနေတာလဲ။ ဘာလဲ ကျောင်းပိတ်သွားပြီဆိုတော့ နွေးကိုမတွေ့ရတော့လို့ လွမ်းနေလို့လား.... ခိခိ"

ဗညားဟိန်း၏ မျက်နှာကရဲခနဲ။

"ဘာပြောတယ် ငါက ဘာကိစ္စနဲ့သူ့ကိုလွမ်းရမှာလဲ"

"ဒါဆိုဘာလို့ သူဘယ်မှာနေလဲဆိုတာ မေးနေသေးလဲ"

"နေ့ခင်းက သူ့ကို ဒီရပ်ကွက်ထဲမှာတွေ့လိုက်လို့"

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now