Ep~27

7.4K 440 32
                                    

Uni

ရန်ကုန်ကို ပြန်ရောက်ကတည်းက နွေး တစ်စက်ကလေးမှ အနားမယူရသေး။

ဖေဖေနဲ့ မေမေတို့အမှုကိစ္စအတွက် ရှေ့နေနှစ်ယောက်ငှားကာ အတတ်နိုင်ဆုံး အပြစ်ဒဏ်လျှော့ပေါ့စေရန် ကြိုးစားရတော့သည်။

ဒါပေမဲ့ နွေးတို့ ကြိုးစားသလောက် အရာမထင်ခဲ့။ မေမေတို့ရဲ့ ပြစ်မှုတွေက ငြင်းမရလောက်တဲ့အထိ သက်သေအခိုင်အမာတွေရှိနေသလို တစ်ဖက်က တရားလိုပြု တရားစွဲဆိုထားသူတွေကလည်း ပိုက်ဆံရှိပြီး အာဏာရှိသည့်  သူများပင်။

နောက်ပြီး အခုအမှုကိစ္စက ​ရိုးရိုးတန်းတန်း ဖြေရှင်းလို့ရတဲ့အမှုမဟုတ်။ နိုင်ငံတော်ပိုင် သစ်တောက သစ်တွေကို တရားမ၀င်ခိုးထုတ်တဲ့အမှုဆိုတော့ ပြစ်ဒဏ်ကသေးမှာ မဟုတ်တာတော့ သေချာသည်။

"နေခြည်နွေး.... နင်လည်း လေယာဥ်စီးလာရတာ ပင်ပန်းလာရောပေါ့... အခန်းထဲ၀င်ပြီး အနားယူလိုက်ဦး"

"အေး ...ဟုတ်တယ်... နွေးလေး... ပင်ပန်းနေမှာပဲ... အခန်းထဲ၀င်ပြီး အိပ်လိုက်တော့...  မနက်ကျမှ ဒေါ်လေးတို့ ထပ်ပြီးဆွေးနွေးကြတာပေါ့"

နွေးလည်း ခေါင်းတစ်ခုလုံး ကိုက်ခဲကာ အတော်ပင်ပန်းနေပြီမို့ ခေါင်းညိတ်ပြပြီးသာ နွေး အတွက် ပြင်ဆင်ပေးထားသော အခန်းထဲ ၀င်လာခဲ့လိုက်သည်။

နွေးနဲ့ မမ နှစ်ယောက်တည်း အိမ်မှာ မနေရဲတာကြောင့် အဖွားတို့အိမ်မှာ လာနေနေရသည်။ အခုချိန်လောက်ဆို နွေးတို့ အိမ်ပတ်၀န်းကျင်မှာ မေမေတို့အကြောင်း အတင်းအဖျင်းပြောနေလောက်ပြီ ထင်သည်။ ဒါကြောင့် နွေး တို့နှစ်ယောက်စလုံး  အခြေအနေတွေအားလုံး တည်ငြိမ်သွားသည်အထိ အဖွားတို့နဲ့ အတူတူ နေမယ်လို့ပဲ ဆုံးဖြတ်ထားသည်။

နွေးရဲ့ ဆယ်ကျော်သက်ဘ၀ အစိတ်အပိုင်းတစ်ချို့ ကုန်ဆုံးခဲ့ရာနေရာတစ်ခုဖြစ်တဲ့ အခန်းလေးထဲကို ရောက်လာခဲ့တော့ ဟိုးအတိတ်က ပုံရိပ်တစ်ချို့ကို မျက်လုံးမြင်ယောင်မိလာသည်။

အချစ်နဲ့ပထမဆုံးထိတွေ့ဖူးတဲ့ ကလေးမလေးတစ်ယောက်က သူသဘောကျတဲ့ အစ်ကိုကြီးရဲ့အကြောင်းတွေးရင်း မျက်လုံးလေးတွေ ပိတ်သွားသည်အထိ ပြုံးရယ်နေလေသတဲ့။

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now