Ep~7

8.4K 379 13
                                    

Uni

ပထမနှစ်၀က်စာမေးပွဲ ဖြေပြီးတော့ အိမ်ပြန်ရောက်သည်နှင့်တပြိုင်နက် နွေး အထုပ်ပြင်ရတော့လေသည်။

အိမ်ကို ဒီတစ်ပတ်အတွင်း ဖြိုချပြီး အသစ်စဆောက်တော့မယ်လို့ မေမေကပြောသည်။ ဒါကြောင့် စာမေးပွဲဖြေပြီးတာတောင် ရတီနှင့် လျှောက်မလည်လိုက်ရ။ အိမ်ကို တန်းပြန်လာပြီး အထုပ်စပြင်ရတော့သည်။

"မမ"

"ဟေ"

"အဖွားတို့အိမ်ကို ဖေဖေနဲ့ မေမေရော လိုက်နေမှာလား"

"မနေဘူးလို့ပြောတယ်။ အိမ်ရှေ့က အခန်းတွဲထဲက တစ်ခန်းကို သုံးလစာပေးငှားထားတယ်တဲ့။ အဲ့မှာပဲနေပြီး အိမ်ဆောက်တာကို ကြီးကြပ်မယ်တဲ့လေ။ "

"ဟီး... ​ပျော်လိုက်တာ"

"နင်မှမဟုတ်ဘူး ငါလည်း​ပျော်နေတာ....ဒီနှစ် နွေရာသီတော့ ငါတို့ နားအေးပါးအေးနဲ့ လွတ်လွတ်လပ်လပ် နေရတော့မယ်"

နှစ်ယောက်သား အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီးလက်၀ါးချင်းရိုက်ကာ အူမြူးနေတော့သည်။

_
_
_

"မမရေ ...... အခုချိန်အထိ မရောက်သေးဘူးလား။ နွေး ရေတော်တော်ဆာနေပြီ"

"ရောက်တော့မှာပါဟ.... နင်ကလည်း နည်းနည်းအားတင်းပြီး ထပ်လျှောက်လိုက်ဦး"

မမက အားပေးစကားပြောနေပေမယ့် နွေးကတော့ အားပြတ်နေလေပြီ။

နှစ်ယောက်သား ကပ်စေးနဲပြီး Taxi ငှားမစီးဘဲ လိုင်းကားနဲ့ အဖွားအိမ်ကို အလာကောင်းတာ ငါးပါးမှောက်နေလေပြီ။

အဖွားအိမ်က ကားမှတ်တိုင်နဲ့ တော်တော်​ေ၀းဝေး လမ်းလျှောက်ရပြီး အနီးအနားမှာ ငှားစီးစရာ ဆိုက်ကားတောင် မရှိ။ တစ်ခုကံကကောင်းသွားတာက ပိတ်ရက်ကျရင် မေမေနဲ့ဖေဖေက အထုပ်အပိုးတွေ ကားနဲ့ လာပို့ပေးမယ်ဆိုလို့ သယ်စရာ အထုပ်အပိုးများများစားစားမပါ။ မဟုတ်ရင် နွေးတို့ ညီအစ်မနှစ်ယောက် လမ်းမှာတင်ဂိသွားနိုင်သည်။

"ဟဲ့ရေ ဟိုရှေ့မှာ စတိုးဆိုင်တစ်ခုတွေ့တယ်... လာ အအေး၀င်သောက်ကြရအောင်"

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now