Ep~22

7.5K 421 37
                                    

Uni

ဒီနေ့ ကျောင်းကနေ အိမ်ကိုပြန်ရောက်တော့ မေမေ၊ ဖေဖေတို့နဲ့ အတူ မမပါ ဧည့်ခန်းမှာ ထိုင်နေကြသည်ကို တွေ့ရတော့သည်။ ဒီလိုမြင်ကွင်းမျိုးက သိပ်ကိုရှားပါးလွန်းတာကြောင့် နွေး တခဏတာ ကြောင်သွားပြီး ရပ်ကြည့်မိတော့သည်။

ပုံမှန်အားဖြင့် မမသည် ညစာစားတဲ့အချိန်မှာသာ မေမေတို့နဲ့ မျက်နှာချင်းဆိုင်ကြာကြာထိုင်ဖြစ်တာဖြစ်သည်။ ကျန်တဲ့အချိန်များဆို သူ့အခန်းထဲမှာသာ သူနေသည်။ အခုတော့ သုံးယောက်သား ကျကျနနထိုင်ပြီး တစ်စုံတစ်ခုကို ဆွေးနွေးနေဟန်ရှိတာကြောင့် နွေး တကယ်စိတ်၀င်စားမိသည်။

နွေးကအရင်အတိုင်းပဲ ခပ်ပြုံးပြုံးမျက်နှာလေးဖြင့် အိမ်ထဲ၀င်သွားပြီး.....

"မေမေတို့ ဒီနေ့အစောကြီးပြန်ရောက်နေပါလား"

"အင်း... ဒီနေ့ သောကြာနေ့ဆိုတော့ ရုံးစောစောဆင်းလာခဲ့လိုက်တာ"

မေမေက အပြုံးမမည်သော အပြုံးခပ်ရေးရေးတစ်ခုကို ပြုံးပြီးပြန်ဖြေသည်။

ဖေဖေကတော့ နွေးလာတာမြင်တော့မှ  ဘေးနားမှာ ချထားသည့် သတင်းစာကို ကောက်ယူပြီး ဟိုလှန်ဒီလှန်လုပ်နေသည်။ မမကျတော့ စိတ်ရှုပ်နေသည့် မျက်နှာပုံစံဖြင့် သက်ပြင်းကျယ်ကျယ်တစ်ခုချပြီး ထိုင်နေရာကထကာ သူရဲ့အခန်းရှိရာ အပေါ်ထပ်ကို ထွက်သွားတော့သည်။

*အဟင်းးးး ကြည့်ရတာ...မမနဲ့ မေမေတို့ ပြဿနာတစ်ခုခုတက်ကြပြန်ပြီထင်တယ်*

အိမ်တွင်းရေးအခြေအနေက နွေး ရဲ့မွေးနေ့မတိုင်ခင်ကတည်းက မကောင်းတာဆိုတော့ ဒီနေ့လည်း အရင်နေ့တွေကလိုပဲ လေစိမ်းတွေခံစားမိနေဆဲ။

တော်သေးသည်.....နွေးရဲ့ ဘေးနားမှာကိုကြီးရှိနေလို့။ မဟုတ်ရင် အိမ်တွင်းရေး အဆင်မပြေမှုတွေကြားမှာ နွေး တစ်ယောက်တည်း ယောင်လည်လည်နဲ့  စိတ်အားငယ်နေရမှာ အသေအချာပင်။ မေမေနဲ့ ဖေဖေတို့က ကိစ္စတော်တော်များများကို နွေးကို ပေးမသိ။ သူတို့ချင်းသာ တိုးတိုးတိတ်တိတ် ကြိတ်ဖြေရှင်းသည်။ မမက အကင်းပါးသူ ပီပီ တစ်ချို့ကိစ္စတွေကို သိနေပေမယ့် နွေးကို ဘယ်တော့မှ ပြန်မပြောပြ။ ဒါကြောင့် နွေးတစ်ယောက်တည်း အူလည်လည်နဲ့ ဘာဆိုဘာမှမသိရ။

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now