Ep~12

7.8K 361 11
                                    

Uni

ကိုကြီးသည် ဒီတစ်ခါတော့ ခြေလှမ်းကျဲကြီးတွေနှင့် နွေးရှေ့ကနေ မလျှောက်တော့ပါ။နွေးရဲ့ဘေးနားကနေ ကပ်လျှောက်ရင်းသာ နွေးကို အိမ်ပြန်လိုက်ပို့ပေးသည်။ ပြန်လာသည့်လမ်းတစ်လျှောက် နွေးနှင့် ကိုကြီးစကားတစ်ခွန်းတောင်မပြောဖြစ်ကြသေးပါ။ ဒီအတိုင်း ပုံမှန်ခြေလှမ်းဖြင့်သာ ဆက်လျှောက်နေကြသည်။

ရေပက်သူတွေကတော့ နွေးတို့နှစ်ယောက်ကို ခွက်အမျိုးမျိုး အဖုံဖုံဖြင့် လှမ်းပက်နေကြပေမဲ့ ဒါတွေကို နွေး ဂရုမစိုက်မိ။ ကိုကြီး၏ မျက်နှာရိပ် မျက်နှာကိုသာ ဂရုတစိုက်ကြည့်နေမိသည်။

နွေးလေ ဘာရယ်ကြောင့်မှန်းမသိ ကိုကြီးရှေ့မှာ အမှားတစ်စုံတစ်ရာ လုပ်မိမှာ အရမ်းကြောက်သည်။ နွေးစိတ်ထင် ကိုကြီးကို နွေးသည် ရှပ်ပြာရှပ်ပြာနိုင်ပြီး တလွဲလုပ်တတ်တဲ့ ကောင်မလေးတစ်ယောက်လို့ ထင်မိမှာ စိုးရိမ်တာဖြစ်လိမ့်မည်။ နွေး ကြားဖူးသလောက်တော့ ယောကျာ်းလေးတွေက စပ်စလူးထသည့် မိန်းကလေးတွေကို သိပ်မကြိုက်ဘူးဟု ဆိုကြသည်။ ဒါကြောင့် နွေးကို ကိုကြီး အထင်သေးမှာ ကြောက်မိတာပဲ  ဖြစ်သည်။

*ကလင် ကလင် ကလင်*

အဆက်မပြတ်တီးနေသည့် စက်ဘီးဘဲလ်သံကြောင့် ဗညားဟိန်း နောက်လှည့်ကြည့်မိတော့ ဘယ်ညာယိမ်းထိုးနေသည့် စက်ဘီးတစ်စီး။

စက်ဘီးကိုမောင်းနှင်လာသူက လူကောင်သေးသေး ကောင်လေး တစ်ယောက် ။ သူ့နောက်မှာ သူ့နှင့် သူ့နှင့် မတိမ်းမယိမ်းမရွယ် ကောင်လေးတစ်ယောက် လိုက်ပါလာသည်။

လမ်းထဲမှာ ရေပက်တဲ့သူတွေ အရမ်းများတာကြောင့် ဘယ်သူကဘယ်လိုပက်လိုက်လဲမသိ မျက်နှာကို ထိသွားပုံရသည် မျက်နှာကို တစ်ဖက်ကိုလှည့်ရင်း စက်ဘီးနင်းလာသော စက်ဘီးက ဦးတည်ရာတည်တည်ငြိမ်ငြိမ်မရှိဘဲ ဘယ်ညာယိမ်းနေသည်။ နောက်ပြီး အနီးစပ်ဆုံး အန္တရာယ်ရှိနေသူက နေခြည်နွေး။

ထိုအန္တရာယ်ကိုလှမ်းမြင်လိုက်သည်က ဗညားဟိန်း။

အသိစိတ်ရဲ့ လှုံ့ဆော်မှုဖြင့် အလျှင်အမြန်ပဲ နေခြည်နွေးလက်ကို လှမ်းဆွဲလိုက်သည်။

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now