Ep~29

9.1K 423 32
                                    

Uni

အနီးအနားမှာ ရှိနေတယ်ဆိုတာ သိနေပေမယ့် ဒီလိုမျိုး အမှတ်မထင် မျက်နှာချင်းဆိုင် ဆုံလိုက်ရတော့ စိတ်ထဲပျာယာခက်သွားပြီး ပြောစရာစကားများပျောက်ရှသွားရသည်။ စကားနဲ့ နှုတ်မဆက်ရသေးခင်မှာပဲ ခန္ဓာကိုယ်ချင်းက အရင်ပူးကပ်နေတော့တာကြောင့် ဒီလိုအခြေအနေမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်ကို ဘယ်လိုရှင်းပြမလဲမသိတော့။

"နွေးကို မှတ်မိသေးရဲ့လား"

မျက်နှာကို မော့ကြည့်ကာ မျက်လုံးချင်းဆုံအောင် ကြည့်ရင်း မေးလာသည့် စကားကြောင့် ဗညားဟိန်း နေရခက်ကာ အကြည့်လွှဲလိုက်မိသည်။

"......"

"ကိုကြီးကို ကြည့်ရတာ... သိပ်အံ့သြတဲ့ပုံလည်း မပေါ်ဘူး.... ။ ဘာလဲ... နွေး ဒီကို ရောက်နေတယ်ဆိုတာ... ကြိုသိနေတာလား"

"အင်း..... reception က၀န်ထမ်းတွေက ကောင်မလေးတစ်ယောက် ကိုယ့်အကြောင်းတွေ မေးသွားတယ်ဆိုပြီး ပြောကတည်းက မင်းရောက်နေမှန်း ခန့်မှန်းမိနေတာ"

"ဘာလို့ ရောက်လာတာလဲ ဆိုတာရော မမေးကြည့်တော့ဘူးလား"

"နောက်မှ... နောက်မှ စကား အေးဆေးပြောကြတာပေါ့.... အခု အရင်ဆုံး အခန်းဆီ ပြန်လိုက်တော့.... မင်း ချမ်းနေပြီမလား... နှုတ်ခမ်းတွေ တုန်နေတယ်"

နွေးရဲ့ နှုတ်ခမ်းများကို ကြည့်ရင်း ပြောလာသည့် ကိုကြီးရဲ့ စကားကြောင့် နွေး ရင်ခုန်နှုန်းတွေ အဆမတန်မြင့်လာကာ အရင်တုန်းက ကိုကြီးနဲ့ အနမ်းပေးဖူးတဲ့ အချိန်ကာလတွေကို ပြန်မြင်ယောင်သွားသည်။

အမှန်အတိုင်းပြောရရင်... နွေး ... အခုချိန်မှာ... ကိုကြီးကို ဆွဲနမ်းပစ်ချင်သည်။ တစ်ထွာခန့်သာကွာဝေးနေသည့် ကိုကြီး၏ နှုတ်ခမ်းညိုညိုကို နွေး ငေးကြည့်ရင်း ထိတွေ့ချင်မိသည်။ ဒါ​ပေမယ့် ပြန်တွေ့တွေ့ချင်း အနမ်းပေးပြီး နှုတ်ဆက်ရအောင် ဒီနေရာက အနောက်နိုင်ငံမဟုတ်တာ။ဒါကြောင့်  နွေး စိတ်ဆန္ဒတွေကို ချိုးနှိမ်ပစ်ပြီး ကိုကြီးရဲ့ စကားကို နားထောင်ကာ ရေကူးကန်ထဲကနေ အပေါ်ကို ပြန်တက်လာခဲ့သည်။

ရေကူးကန်ထဲကနေ အပေါ်ကို အရင်ဆုံးပြန်တက်သွားသည့် နေခြည်နွေးကို မြင်ပြီး ဗညားဟိန်း အကြည့်တွေ လွှဲပစ်လိုက်ရသည်။

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now