Ep~9

8K 384 20
                                    

Uni

"ကိုကို"

"ဘာလဲ ပြော"

"ဟိုလေ... ကိုကိုပြောတဲ့ဟာက ဟုတ်တယ်သိလား"

"ဘယ်ဟာကို ပြောတာလဲ"

"ဟိုနေ့က လမ်းထိပ်က ဆိုင်မှာ နွေးကိုတွေ့လိုက်တယ်ဆိုတာ။ အဲ့ဒါ နွေးဟုတ်တယ်တဲ့......"

"တွေ့တယ်မလား ငါပြောသားပဲ... သူဟုတ်ပါတယ်ဆိုနေမှ။ နင့်သူငယ်ချင်း ဂျပုမကို ဘယ်နေရာကကြည့်ကြည့် မှားစရာအကြောင်းကိုမရှိတာ"

ပထမတစ်ခေါက်က မှားထားသူက ကိုယ်ဖြစ်တာကြောင့် ရတီဖြိုး ပြန်မပြောပဲ ပါးစပ်သာပိတ်နေလိုက်သည်။

"သူက ဒီရပ်ကွက်ထဲ ဘာလာလုပ်တာတဲ့လဲ"

"သူ့အဖွားအိမ်လာတာတဲ့.... သူအဖွားအိမ်က ဟိုဘက်လမ်းထဲမှာ... ရတီတို့အိမ်နဲ့ နီးနီးလေး။ သူပြောတာတော့ သူတို့နေတဲ့အိမ်က ပြန်ပြင်ဆောက်နေလို့ ဒီမှာ သုံးလေးလလောက်နေမှာတဲ့"

"......."

သိချင်တာ သိရပြီမို့ ဗညားဟိန်း တခြားမေးခွန်း ထပ်မမေးဘဲ ထမင်းသာစားနေလိုက်သည်။

"ပြီးတော့လေ......"

"ပြီးတော့ဘာဖြစ်လဲ"

"နောက်တစ်ပါတ် ကိုကိုဘုန်းကြီး၀တ်တဲ့အခါကျရင် နွေးက သူလည်း လာခဲ့မယ်တဲ့"

၀ါးလက်စ ထမင်းစေ့များ လည်ချောင်း၀မှာ တစ်ဆို့သွားသလို ခံစားလိုက်ရတာကြောင့် ဘေးနားမှာ အဆင်သင့်ချထားသော ဖန်ခွက်ထဲမှာ ရေကိုအမြန်ယူသောက်လိုက်ရသည်။

"ငါဘုန်းကြီး၀တ်မှာကို သူကဘယ်လိုလုပ်ပြီးသိတာလဲ.... နင်သွားပြောလိုက်တာလား"

မကျေမနပ်ဖြစ်သွားသည့်ပုံဖြင့် မျက်မှောင်ကြီးကြုတ်ကာ မေးလာသည့် ကိုကို့ကြောင့် ရတီ အမြန်လက်ကာပြလိုက်ရသည်။

"မဟုတ်ပါဘူး... ရတီမပြောပါဘူး။ သူ့အဖွားအိမ်ကို အလှူဖိတ်စာလာဖိတ်လို့ သူ ဖတ်ကြည့်လိုက်တာ ကိုကို့ နာမည်ပါနေလို့ သူက lineပေါ်ကနေ ရတီ့ကို လာမေးတာ။ အဲ့ဒါနဲ့ ရတီကလည်း ကိုကိုဘုန်းကြီး၀တ်မှာ ဟုတ်တယ်လို့ ပြန်ဖြေလိုက်တော့ သူက သူ့အဖွားနဲ့တူတူ အလှူကို လာခဲ့မယ်လို့ ပြောတာ"

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now